တတိယပွဲမှာ လာအိုကို အနိုင်ယူပြီး မြန်မာယူ-၁၉အသင်း ဆီမီးဖိုင်နယ် တက်ရောက်
ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ဘုရင့်ဖလား ဘောလုံးပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာယူ-၁၉ အသင်းဟာ အင်္ဂါနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုတတိယပွဲစဉ်မှာ လာအိုကို (၃)ဂိုး(၂)ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက် သွားနိုင်ခဲ့ပါတယ်။ သြဂုတ်(၉)ရက်ကတည်း စတင်ကျင်းပပြီး အာဆီယံဒေသတွင်းက လူငယ်အသင်းတွေ ယှဉ်ပြိုင်တဲ့ ဒီပြိုင်ပွဲမှာ မြန်မာယူ-၁၉အသင်းဟာ အုပ်စု(က)မှာ ပါဝင်နေပြီး ထိုင်းကို(၃)ဂိုး(၂)ဂိုး၊ အရှေ့တီမောကို (၃)ဂိုး(၁)ဂိုးတို့နဲ့ အနိုင်ရခဲ့တာကြောင့် (၃)ပွဲကစားအပြီး (၉)မှတ်နဲ့ အခုလို ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်(၁၇)မှာ မြန်မာအသင်းဟာ ဖိလစ်ပိုင်နဲ့ အုပ်စုနောက်ဆုံးပွဲ ကစားမှာ ဖြစ်ပါတယ်။ အုပ်စု(က)မှာ ထိုင်းက ရမှတ်(၆)မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေသလို အိမ်ရှင် ဘရူနိုင်းပါဝင်တဲ့ အုပ်စု(ခ)မှာတော့ ကမ္ဘောဒီးယားက ရမှတ်(၆)မှတ်နဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

No comments:
Post a Comment