Rosy Lovers ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်မည့် အဆိုတော် Sunhwa
Secret Girl Band မှ အဆိုတော် Sunhwa ဟာ MBC ဒရမ်မာဖြစ်တဲ့ Rosy Lovers ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်မယ်လို့ သိရပါတယ်။Sunhwa ဟာ သရုပ်ဆောင်ဘက်မှ အနုပညာ လှုပ်ရှားမှု အနေဖြင့် God's Give 14 Days နဲ့ Marriage not Dating ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင် ကောင်းသူ အဖြစ် ပရိသတ်တွေရဲ့ အသိအမှတ်ပြု ခံခဲ့ရသူ ဖြစ်ပါတယ်။
Sunhwa ဟာ Rosy Lovers ဇာတ်ကားမှာ ဖက်ရှင်ဒီဇိုင်းမေဂျာ တက်ရောက်နေတဲ့ တက္ကသိုလ် ကျောင်းသူ တစ်ဦးဖြစ်ပြီး မိဘတွေရဲ့ အလို လိုက် ထားခြင်းကြောင့် ဘဝရဲ့ အခက်အခဲ ဆိုတာကို ဘာမှမသိတဲ့ ခပ်ဆိုးဆိုး ကောင်မလေးဇာတ်ကောင် Baek Jang Mi နေရာကသရုပ်ဆောင် မှာ ဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသားကတော့ Lee Jang Woo ဖြစ်ပါတယ်။ စုစုပေါင်းအပိုင်း ၅၀ ပါဝင်မှာ ဖြစ်ပြီး Jang Bori is Here ဇာတ်ကားအပြီးအောက်တိုဘာလမှာ ပြသမယ်လို့သိရပါတယ်။
No comments:
Post a Comment