Tuesday, August 5, 2014

ပရိသတ်ကိုပေးဆပ်တာပဲများပြီရယူလိုတာဘာမှမရှိသေးဘူးလို့ဆိုတဲ့ စွမ်းရည်

သရုပ်ဆောင်နယ်ပယ်မှာ အချိန် အတော်ကြာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ဖြတ်သန်းနေတဲ့ စွမ်းရည်က ခုဆိုရင် ဂီတဖက်မှာပါ ကြိုးစားဆောင်ရွက်နေပြီလို့သိလာရပါတယ်။ ပထမဆုံးအနေနဲ့ ဗီဒီယိုဈေးကွက်နဲ့ သူဘာ့ကြောင့် ဒုတိယနေရာကပဲ နေရသလဲဆိုတဲ့အကြောင်း သူပြောပြပေးသွားတာက “ခု ရိုက်ဖြစ်နေတာကတော့ ဒုတိယနေရာကပဲများတယ်ပေါ့နော်။လက်ရှိ အနုပညာလောကမှာ ကျင် လည်နေတာ ၅ နှစ် ၆နှစ်လောက်ရှိပါပြီ။ ကျွန်တော်သရုပ်ဆောင်စလုပ် တဲ့အချိန်မှာ တိုက်ပိုင်တွေမွေးကြ တယ်။ ပိုက်ဆံချမ်းသာတဲ့သူတွေက ကုမ္ပဏီတွေထောင်တယ်။ သူတို့သားသမီးပဲဖြစ် ဖြစ် ပတ်သတ်ရာ ပတ်သတ်ကြောင်းပဲဖြစ်ဖြစ် ကိုယ်ကိုတိုင်ထုတ်ရိုက် တာသော်လည်းကောင်း ရှိကြတယ်ပေါ့နော်။ ခုရက်ပိုင်းမှာ ဗီဒီယိုဈေးကွက်တွေက အလားအလာမကောင်းဘူး။ ဥပမာ ကြိုးစားဆဲမင်းသားအသစ်တွေ ကလဲ ကျွန်တော်တို့စစလုပ်ခါစ ထက်စာရင် တော်တော်ကို ပျောက်ကွယ်သွားတာ မတွေ့ရတော့ သလောက်ကို ရှားပါးသွားတာ။ ဒီလက်ဆယ်ချောင်းမပြည့်ပါဘူး။ တကယ့်ဈေးကွက်ဝင် မင်းသားတွေက၊ ကျွန်တော်နဲ့ တူတူ တွဲလုပ်တဲ့သူတွေဆို ဒါကိုပဲ ရပ်နားပြီး စီးပွားရေးပဲ လုပ်သွားကြ တာလား။ ဆက်လုပ်နေတုန်းပဲလားဆိုတော့ ကိုယ်လုပ်တဲ့အနုပညာက ပရိသတ်နဲ့ အဆက်မပြတ်ဖို့ တော့လို တာပေါ့နော်။ အဲလိုမျိုးကျတော့ နယ်ကိုယ်စားလှယ်တွေကလဲ ရှုံးတဲ့ တွက်ကြောင့်မို့လို့မ၀ယ်တော့တဲ့ အခါတွေမှာ ကိုယ့်ရဲ့ အနုပညာတွေက ပရိသတ်ဆီကို တကယ်ကို ထိထိရောက်ရောက်မရောက်တဲ့အခါမှာ အဲ့မှာတင် ဈေးကွက်ပြတ်တယ်ဘာညာဆိုပြီးတော့ မင်းသားသစ်တွေကို အရှုံးခံ မရိုက်ကြတော့ဘူးပေါ့။ အဲ့တော့ ကျွန်တော်တို့ကျတော့ ဘယ်လို စဉ်းစားရလဲ ဆိုတော့ ကုမ္ပဏီတစ်ခုနဲ့ခေါင်းဆောင်မင်းသား အနေနဲ့ရိုက်တယ်။ အဲ့ဒီမှာ အကျိုးအကြောင်းမတိုက်ဆိုင်စွာ ကျွန်တော့်ဖက်က ညံ့ဖျင်းမှုသော် လည်းကောင်း၊ဒါမှမဟုတ် ကံမကောင်းတာပဲလားမသိပါဘူး။ ကျွန်တော် လဲ ဈေးကွက်ဝင် မင်းသား တစ်ယောက် ဖြစ်မလာခဲ့ဘူး။ အဲ့အချိန်မှာတင် ကျွန်တော် တစ်ထစ်ပြန်လျှော့ပြီးတော့ ပရိသတ် ဆီရောက်နိုင်မဲ့ second နေရာကနေ ကျွန်တော်ရိုက် ခဲ့တယ်။ ဒါပေမဲ့ ဒီ့ထက် အောက်ကျ တဲ့ နေရာ ကနေတော့ မရိုက်တော့ဘူးပေါ့နော်။ ခုကျွန်တော် second နေရာကနေရိုက် လာတာ ၄ နှစ်ကျော် ၅ နှစ်ရှိ လာပါပြီ။”လို့ သူက ပြောပါတယ်။
စွမ်းရည်ဟာ ခု လောလောဆယ် single အယ်ဘမ်လ်တစ်ခုလုပ်နေသူလည်း ဖြစ်ပါတယ်။ အသင့် ထာဝရလို့ အမည်ပေးထားတဲ့ အခွေလေးနဲ့ ပတ်သက်ပြီး သူပြောပြပေးသွားတာက “သီချင်းဆိုတာက အရင်ကတည်းက ၀ါသနာပါတာပေါ့နော်။ သရုပ်ဆောင်အလုပ်က မမျှော်လင့်ပဲဖြစ် သွားတာ။ ဂီတလောကထဲကို စ၀င်ဖို့ကြိုးစားရင်း ဒါရိုက်တာတွေနဲ့ သွားတွေ့ပြီး သရုပ်ဆောင်ဖြစ် သွားတာပေါ့။ ကျွန်တော်ခုလောလောဆယ် lazy club နဲ့တစ်ဝက်၊ တခြား တစ်ခုနဲ့တစ်ဝက်တီးနေပြီ။ ကျွန်တော် ၁၁ သို့မဟုတ် ၁၂ လောက်မှာ တစ်ကိုယ်တော် အယ်ဘယ်မ်ထွက်မှာပါ။ ပေါ့ရော့ခ် နည်းနည်း နွယ်တဲ့ ပုံစံမျိုးလေးတွေ၊ သီချင်းတွေအားလုံးကို ကျွန်တော်တစ်ယောက်တည်း ရေးထားတာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင်က စောင့်ဆိုင်းချင်တဲ့သူ ထဲမှာမပါဘူး။ အဲ့ဒီမှာ အချိန်လဲပေးရမယ်။ ကျွန်တော်လိုချင်တဲ့ပုံစံကို သူတို့ကနားမလည်တော့ ကိုယ်လုပ်ချင်တဲ့ အယ်ဘမ်လ် ကိုယ်လုပ်ချင်တဲ့ လမ်းကို ကိုယ့်ဘာသာဖောက်လိုက်တယ်ပေါ့။ ၁၅ ပုဒ်ရေးထားတယ်။ single မှာတော့ ၁၁ ပုဒ်လောက်ရွေး ထားတယ်။ ကျန်တဲ့ဟာကျတော့ သိမ်းထားသေးတယ်။ အသည်းကွဲသီချင်းတွေပါတယ်။ အနုပညာနဲ့ ပတ်သတ်ပြီးမအောင်မြင်တာ စိတ်ဓာတ်ကျတာ အဲလိုပုံစံလေးတွေပါတယ်။ ကျွန်တော်က ပြည်ဇာတိပါ။ မိဘတွေနဲ့ ခွဲပြီး ရန်ကုန်မှာ လာလုပ်ရတာပေါ့။ သီချင်းတွေအားလုံးက ကျွန်တော်ခံစားချက်တွေကြီးပဲ။ ကျွန်တော်နဲ့အရမ်း close ဖြစ်တယ်။ ကျွန်တော် ခံစားချက်ကို ရိုးရိုးသားသားလေး ရေးထား တာပေါ့။ နောက်ပြီးကျွန်တော့်အမေ မွေးနေ့တွက် အမေသီချင်း တစ်ပုဒ်ပါတယ်။ အခွေ title လေးကို တော့ အသင့်ထာဝရ လို့ပေးထားပါတယ်။ ဒီအခွေလေးကလဲ ပရိသတ်တွက် ပေးဆပ်မှု တစ်ခုပါပဲ။ ခုချိန်ထိ ပေးဆပ်နေတာတွေပဲ များပါတယ်။ ရယူလိုတယ်ဆိုတာ ဘာမှကို မရှိသေးတာပါ”တဲ့။

No comments:

Post a Comment

back to top