မြန်မာ၊ သြစတြေးလျနဲ့ ဆော်လမွန်ကျွန်းတွေကို အလည်သွားရောက် မယ့် ဂျွန်ကယ်ရီ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဂျွန်ကယ်ရီဟာ အာဆီယံဒေသတွင်း ဖိုရမ်နဲ့အရှေ့အာရှ ၀န်ကြီးများ ထိပ်သီးအစည်းဝေးပွဲ တက်ရောက်ဖို့အတွက်မြန်မာနိုင်ငံ၊
သြစတြေးလျနဲ့ ဆော်လမွန်ကျွန်းတွေကို သြဂုတ်လ ၈ ရက်နေ့ကနေ ၁၃ ရက်အတွင်း သွားရောက်မှာဖြစ်တယ်လို့
အမေရိကန်ကာကွယ်ရေး ၀န်ကြီး ဌာနက စနေနေ့တုန်းက သတင်းထုတ်ပြန်ထားပါတယ်။
မစ္စတာကယ်ရီဟာ
မြန်မာနိုင်ငံမြို့တော် နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံဒေသ တွင်း ဆွေးနွေးပွဲနဲ့အရှေ့အာရှ
ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ပြီး သူ့ရဲ့ခရီးစဉ်ကို စတင်မှာဖြစ်ပါတယ်။ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့
တွေ့ဆုံဆွေးနွေးခြင်းဟာ အာရှတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ကြွယ်ဝရေးတို့အတွက် အမေရိကန်ဆောင်ရွက်နေတဲ့
အဓိကကဏ္ဍတွေထဲက တစ်ခုဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မစ္စတာကယ်ရီဟာ
သြဂုတ်လ ၈၊ ၁၁ ရက်နေ့ကနေ ၁၃ ရက်အတွင်း သြစတြေးလျနိုင်ငံကို သွားရောက်ပြီး သြစတြေးလျ-
အမေရိကန်ဝန်ကြီးများဆိုင်ရာ တွေ့ဆုံပွဲကို တက်ရောက်မှာဖြစ်ပါတယ်။ သြဂုတ်လ ၁၃ ရက် နေ့မှာတော့
ဆော်လမွန်ကျွန်းစုရှိ ဟွန်နီအာရာကို သွားရောက်ပြီး အစိုးရအရာရှိတွေ နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့လည်း
သိရပါတယ်။
No comments:
Post a Comment