ရဲအုပ်တစ်ယောက်ဖြစ်သွားတဲ့ ဖွေးဖွေး
ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ ‘အချိန်တိုင်းနေရာတိုင်း’ ဇာတ်လမ်းတွဲမှာ ဖွေး
ဖွေးပါဝင်သရုပ်ဆောင် ထားပါတယ်။ အခြားဇာတ်လမ်းတွဲကမ်းလှမ်းမှုတွေ
ရှိခဲ့သော်လည်း လက်ခံ ရိုက်ကူးမှုမရှိတဲ့ ဖွေးဖွေးက အခုဇာတ်လမ်းတွဲကို
လက်ခံရိုက်ကူးဖြစ်တာနဲ့ပတ်သက်ပြီး မေးကြည့်တော့.. “ဒီဇာတ်လမ်းတွဲက
ဖွေးရဲ့ ပထမဆုံးတီဗီစီးရီးပါ။ အရင်တုန်းက ကမ်း လှမ်းမှုတွေရှိပေမယ့်
အကြောင်းကြောင်းကြောင့် မရိုက်ကူးဖြစ်ခဲ့ဘူး။ ဒါပထမ ဦးဆုံး ဆုံးဖြတ်ပြီး
ရိုက်ကူးခဲ့တာပါ။ တစ်ခါမှ မရိုက်ကူးဖူးဘူး။ ဒီဇာတ်ကား
ဘာကြောင့်ရိုက်ကူးရလဲဆိုတော့ ကိုယ့်ဆရာ ကိုဝိုင်းက ရိုက်ကူးတာဖြစ်လို့
ရိုက်ကူးဖြစ်သွားတာပါ။ ဒီဇာတ် လမ်းတွဲလက်ခံရိုက်ကူးဖြစ်တဲ့ အဓိက အကြောင်းက
ကိုဝိုင်းကြောင့်ပါ” လို့ ပြောပြပါတယ်။ ဒီ့နောက်မှာ ပထမဆုံး သူရိုက်ကူးတဲ့
ဇာတ်လမ်းတွဲမှာ ထိတ်ထိတ်ကြဲအနု ပညာရှင်တွေလည်း ပါဝင် ရိုက်ကူးထားတာမို့
ဖွေးဖွေးရဲ့ သရုပ်ဆောင်ရတဲ့ဇာတ် ကောင်စရိုက်နဲ့ ပတ်သက်ပြီး မေးကြည့်တော့
“ဖွေးက ဒီဇာတ်ကားမှာ ရဲအုပ်မေသူ ဇာတ် ကောင်စရိုက်ပါ။
ကိုယ့်ငယ်သူငယ်ချင်းကို အရပ်ဝတ်နဲ့ ပြန်ထောက်လှမ်းတဲ့ ပုံစံမျိုးပါ။
တခြားအမှုတွေကိုလည်း လိုက်ရတယ်။ကိုယ့် ငယ်သူငယ်ချင်း မအေးမြတ်သူ ကိုမှ
ကိုယ်ကပြန် ထောက်လှမ်းရတဲ့ ကာရိုက်တာ ဆိုတော့ ထူးခြား တဲ့ ကာရိုက်တာဖြစ်သလို
ပထမဆုံး ကာရိုက် တာလည်းဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။ ပထမဆုံး
ထူးခြားတဲ့ဇာတ်ရုပ်ဆိုပေမယ့် ဇာတ် ကောင် စရိုက်အတွေ့အကြုံ
များလာပြီဖြစ်တဲ့ အတွက် အခက်အခဲဖြစ်မိတာမျိုးကော ရှိလား လို့မေး ကြည့်တော့
“ရဲထောက်လှမ်း ရေးရဲ့ ပထမဆုံး ဇာတ်ကောင်စရိုက် ဖြစ်လို့လားမသိဘူး။
ဖွေးအတွက် တော့ ခက်နေတယ်။ ရဲအုပ် ဒေါ် မေသူဆို တဲ့နေရာမှာ ကိုယ်က
နည်းနည်းငယ်နေတဲ့ အိုက်တင်
မျိုးဖြစ်သွားမှာလည်း ကြောက်ရ တယ်။
တအားကြီးလေးတာ မျိုး ဖြစ်မှာလည်း စိုးရိမ်တယ်။ ဒီ နှစ်ခုကြားမှာ
သရုပ်ဆောင်ရ တယ်။ ရဲထောက်လှမ်းရေးပုံစံကို ထဲထဲ ဝင်ဝင်လေ့လာဖို့ကလည်း
အချိန်မရှိဘူး။ ကိုဝိုင်း ပြောပြ တာ လောက်ပဲရှိတယ်” လို့
ပြောပါတယ်။အဲဒီဇာတ်လမ်း တွဲမှာ ဖွေးဖွေး၊ မိုးဟေကို၊ အေးမြတ်သူ၊ ပြေတီဦး၊
မင်းဦး အပြင် တခြားနာမည်ကြီး အနု ပညာရှင်များစွာ ပါဝင် သရုပ် ဆောင်
ထားတယ်လို့ သိရပါတယ်။

No comments:
Post a Comment