ရန်ကုန် တက္ကသိုလ်၌ ယခုနှစ် ပညာသင်နှစ် အတွက် ဘာသာရပ် တစ်ခုလျှင် ကျောင်းသား ကျောင်းသူ ၅ဝ သာ လက်ခံသွားမည်
ရန်ကုန် တက္ကသိုလ်၌ ယခု ပညာသင်နှစ် အတွက် ဘာသာရပ် တစ်ခုလျှင် ကျောင်းသား၊ ကျောင်း သူ ၅ဝ သာ လက်ခံသွားမည် ဖြစ်ပြီး မြန်မာမှုရေးရာ ဘာသာရပ် အသစ်ကို ထည့်သွင်း သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စာသင်နှစ်က ရန်ကုန် တက္ကသိုလ်၌ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်၂ဝ အပြင် နိုင်ငံရေး သိပ္ပံ ဘာသာရပ်ကို အသစ်တိုးချဲ့ သင်ကြား ပေးခဲ့သည်။
ယခုပညာသင်နှစ်တွင် မြန်မာမှုရေးရာဘာသာရပ်ကို သင်ကြား ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ် ကျောင်းသားရေးရာ ဌာနမှ သိရသည်။
]]Myanmar Study ဆိုပြီးတော့ Social Science ဘာသာ လေး၊ ငါးခုက ပေါင်းစပ် သင်ကြားရမယ့် ဘာသာတစ်ခု အဖြစ် လေ့လာရပါမယ်။ မြန်မာစာ၊ သမိုင်း၊ ရှေးဟောင်းသုတေသန၊ မနုဿဗေဒတို့လို ဘာသာရပ်တွေကို ပေါင်းစပ် လေ့လာရမှာပါ''ဟု ရန်ကုန် တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်က ပြောသည်။
ယမန်နှစ်က ရန်ကုန် တက္ကသိုလ် ဝင်ခွင့် အမှတ်များမှာ အမြင့်ဆုံး အမှတ် ၄၃ဝ မှ ၅၁ဝ အထိ ရှိခဲ့ပြီး ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များ အဖြစ် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ နိုင်ငံတကာ ဆက်ဆံရေး ပညာ၊ ဥပဒေပညာ၊ စာကြည့်တိုက်နှင့် သုတပညာ၊ ပထဝီဝင်၊ သမိုင်း၊ စိတ်ပညာ၊ ဒဿနိကဗေဒ၊ ရှေးဟောင်းသုတေ သနပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အရှေ့တိုင်းပညာ၊ ကွန်ပျူတာ သိပ္ပံ၊ နိုင်ငံရေး သိပ္ပံနှင့် မြန်မာမှုရေးရာ ဘာသာရပ်များ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment