နယ်စပ်ပိတ်၍ အီဘိုလာဗိုင်းရပ်စ်တားဆီးရန် ဂီနီဆုံးဖြတ်
ဂီနီနိုင်ငံသည် အနောက်အာဖရိကနိုင်ငံများတွင် တစ်ကျော့ပြန် ပျံ့နှံ့လျက်ရှိသော အီိဘိုလာဗိုင်းရပ်စ် အန္တရာယ်ကို ထိန်ျးုပ်ရန် နယ်စပ်များကို ပိတ်ပစ်လိုက်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အတည်ပြု ချက် ထုတ်ပြန်ထုတ်ပြန်သည်။
ဂီနီအစိုးရသည် ယခုနှစ်အတွင်း တစ်ကျော့ပြန်လာခဲ့သည့် အီဘိုလာဗိုင်းရပ်စ်သည် ၎င်းတို့နိုင်ငံမှ စတင်ခဲ့ခြင်းဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လိုက်ဘေးရီးယားနိုင်ငံနှင့် ဆီရာလီယွန်နိုင်ငံများ တွင် ဒုတိယအကြိမ်ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်နေခြင်းကြောင့် အဆိုပါ နိုင်ငံများနှင့် ထိစပ်နေသော နယ်စပ်များကို ပိတ်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း ပြန့်ပွားခဲ့သော အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၇၉ ဦးရှိသွားပြီဟု သိရသည်။
ဆီရာလီယွန်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခြင်းခံရသည့် ဖြစ်စဉ်သစ် ၂၆ ခုဖြစ်ပွားခဲ့ပြီး လိုက်ဘေးရီးယားနိုင်ငံ တွင် ဗိုင်းရပ်စ်ကူးစက်မှု ခံရမှု ၃၈ ကြိမ် ထပ်မံဖြစ်ပွားခဲ့ခြင်းကြောင့် ဂီနီနိုင်ငံသည် နယ်စပ်များပိတ်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဂီနီကျန်းမာရေးဝန်ကြီး ရီနီလာမက်ခ်ျက နိုင်ငံတွင်းမှာ အီဘိုလာဗိုင်းရပ်စ်ကို အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်နိုင်တဲ့ အခြေအနေရောက်နေပါပြီ။ ဒါကြောင့် ဗိုင်းရပ်စ်တစ်ကျော့ပြန် ကူးစက်မှုတွေဖြစ်ပွားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နယ်စပ်တွေကို ပိတ်ထားဖို့ ဆုံးဖြတ်လိုက်တာပါဟု ပြောသည်။
No comments:
Post a Comment