Tuesday, August 12, 2014

လူသား ဦးနှောက်ကဲ့သို့ စွမ်းဆောင် နိုင်စွမ်းရှိသည့် ချစ်ပ်ပြားသစ်ကို IBM ကုမ္ပဏီ ထုတ်ဖော် ပြသ

IBM နည်းပညာကုမ္ပဏီသည် လူသား ဦးနှောက်ကဲ့သို့ စွမ်းဆောင်နိုင်စွမ်းရှိပြီး စမတ်ဖုန်းအား စူပါကွန်ပျူတာကဲ့သို့ အသုံးပြုနိုင်စေမည့် ချစ်ပ်ပြားကို ထုတ်ဖော် ပြသခဲ့သည်။

True North ဟုအမည်ပေးထားသော အဆိုပါ ချစ်ပ်ပြားအား လူသားဦးနှောက်ကဲ့သို့ လုပ်ငန်း တာဝန်များကို လုပ်ဆောင်နိုင်စေရန် ဆီလီကွန်ပေါ်တွင် ဒီဇိုင်း ရေးဆွဲထားခြင်း ဖြစ်ကြောင်း IBM ကုမ္ပဏီမှသိပ္ပံပညာရှင် တစ်ဦးဖြစ်သူ  ဒါမန်ဒရာမိုဒါက ပြောကြားခဲ့သည်။
အဆိုပါ ချစ်ပ်ပြားတွင် ကွန်ပျူတာ ပရိုဂရမ်ဖြင့် အသုံးပြုနိုင်သော နျူရွန်ပေါင်း တစ်သန်းခန့် ပါဝင်သည့်အပြင် ဦးနှောက်တွင် ပါဝင်သည့် နာ့ဗ်ကြောဆက်ကြောင်းကဲ့သို့သော ကိရိယာ ၂၅၆ သန်းနှင့် အာရုံကြော ဆက်ကြောင်း ၄ဝ၉၆ ခုတို့ပါဝင်သည့်အတွက် ၎င်းချစ်ပ်ပြားကို သုံးစွဲရာတွင် သာမန်ချစ်ပ်ပြားများကို သုံးစွဲရသည်ထက်ပို၍ လျင်မြန်စေပြီး လုပ်ငန်းဆောင်တာများကို  အလွယ်တကူ ဆောင်ရွက် နိုင်စေမည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ချစ်ပ်ပြားကို ပြည်သူများ လုံခြုံရေး၊ ဆေးပညာရပ်ဆိုင်ရာများနှင့် ဒစ်ဂျစ်တယ် ရောဂါဗေဒဆိုင်ရာ များတွင် အဆင့်မြင့် နည်းပညာ တစ်ရပ်အဖြစ် ထည့်သွင်းသုံးစွဲသွားရန် ကုမ္ပဏီက မျှော်လင့်ထားကြောင်း သိရသည်။      


No comments:

Post a Comment

back to top