Friday, August 8, 2014

ဇာတ်လမ်းတွဲကို နေတိုးဘာကြောင့် အရိုက်နည်းရသလဲ


ဇာတ်လမ်းတွဲရိုက် ကူးမှုထက် ရုပ်ရှင်နဲ့ ဗီဒီယိုဘက်မှာ တာဝန်ပိုယူ ထားကြောင်း နေတိုး က ပြောသည်။”ဇာတ်လမ်းတွဲ စပေါ်ကတည်းက ကမ်းလှမ်း လာတယ်။ ကျွန်တော် တို့လည်း ဇာတ်လမ်းအတို လေးတွေ ရိုက်ပေးခဲ့ပါတယ်”ဟု နေတိုးကပြောသည်။ နေတိုးက ရုပ်သံဇာတ်လမ်း တွဲကမ်းလှမ်းမှု ရှိသော် လည်း အရိုက်နည်းသည်ဟု သိရ သည်။
”ဒီဇာတ်လမ်းတွဲမှာ ကိုယ်ပါဝင်မှု မရှိခဲ့ပေ မယ့် အကြံတော့ အမြဲပေးဖြစ်တယ်။ အဓိက ရုပ်ရှင်လား၊ ဗီဒီယိုလားချန်နယ် ဇာတ်လမ်းတွဲလား အားလုံးက အနုပညာတွေ ပဲဆိုေ တာ့ ကျွန်တော် က အမြဲအကြံစကား ပေးတယ်”ဟု ၄င်းက ပြောသည်။နေတိုးကလတ်တလော၌ ‘အန္တရာယ်ရှိသည်’ ဇာတ်ကား တွင် အိချောပို၊ ဟိန်းရတုတို့နှင့် ပါဝင် သရု ပ်ဆောင်ထားသည်ဟု သိရသည်။
”ဒီရုပ်ရှင်နဲ့ ဗီဒီယိုကိုပစ်ပြီး ခေတ်ဖြစ်နေတဲ့ ချန်နယ်ဇာတ်လမ်းတွဲ ပဲရိုက်ရင် ကိုယ့်လောကကို ဖျက်ဆီးရာ ရောက်တယ်။ ရှိနေပြီးသားရှိသင့် ရှိထိုက်တဲ့အရာကို မပျောက် ပျက်အောင် ထိန်း သိမ်းမယ်။ ဇာတ်လမ်းတွဲက မျိုးဆက်သစ်တွေ ရိုက်ကူးနေတာပဲလေ။ ကျွန်တော်တို့က ထပ်ပြီး ဝင်နေလို့ တာဝန်ယူမှုပိုင်းမှာ ဆုံးဖြတ်ရတယ်”ဟု ၄င်းက ဆက်ပြောသည်။

No comments:

Post a Comment

back to top