အွန်လိုင်းမှ လျှပ်စစ် မီတာခ ပေးချေနိုင်တော့မည်
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် Eazy Pay ကုမ္ပဏီတို့ ပူးပေါင်းကာ စက်တင်ဘာ ဒုတိယပတ်မှ စတင်၍ အွန်လိုင်းမှ လျှပ်စစ်မီတာခ ပေးချေသည့် လုပ်ငန်း စတင် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။ အွန်လိုင်းမှ တစ်ဆင့် မီတာခပေးချေသည့် ဝန်ဆောင်မှုကို ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် ၅၃ မြို့နယ်လုံးတွင် မရရှိနိုင်သေးဘဲ လက်ရှိတွင် ပုဇွန်တောင်မြို့နယ်၊ လသာမြို့နယ်နှင့် လှိုင်မြို့နယ် များကို ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
ယင်းအွန်လိုင်းမှ တစ်ဆင့် မီတာခပေးချေသည့် ဝန်ဆောင်မှုကို မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ အေဂျီဒီဘဏ်၊ စီဘီဘဏ်၊ ဧရာဝတီဘဏ်များနှင့် ချိတ်ဆက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အွန်လိုင်းမှ တစ်ဆင့် မီတာခ ပေးချေလိုသည့် ပုဇွန်တောင်မြို့နယ်၊ လသာမြို့နယ်နှင့် လှိုင်မြို့နယ်နေ မီတာ သုံးစွဲသူများ သည် မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ အေဂျီဒီဘဏ်၊စီဘီဘဏ်၊ ဧရာဝတီဘဏ်များတွင် ငွေစာရင်း ဖွင့်ထားရမည် ဖြစ်ပြီး www.ypay.com မှ တစ်ဆင့် ငွေပေးသွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ www.ypay.com ဝန်ဆောင်မှုသည် မီတာခ၊ ဖုန်းခေါ်ဆိုခများကိုပါ အွန်လိုင်းမှ တစ်ဆင့် ပေးချေနိုင်ကြောင်းလည်း သိရသည်။
No comments:
Post a Comment