ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အထူးခရီးသွား အာမခံကို သုံးလအတွင်း အာမခံစောင်ရေ ၅၆၃ဝဝဝ ကျော် ရောင်းချခဲ့ရကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။
လက်ရှိတွင် အထူးခရီးသွား အာမခံ ရောင်းချရန် အတွက် မြန်မာ့အာမခံ လုပ်ငန်းနှင့် ချိတ်ဆက်ထားသည့် အဝေးပြေးယာဉ် လိုင်းပေါင်း ၃၄ဝ ကျော်ရှိနေပြီး ပုဂ္ဂလိက အာမခံများနှင့် ချိတ်ဆက်ကာ အထူးခရီးသွား အာမခံ ထားရှိသည့် အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းပေါင်း ၁၈၇ လိုင်းအထိ ရှိနေပြီဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။
အမြန်လမ်း အထူးခရီးသွား အာမခံကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသွား အဝေး ပြေး ခရီးသည်တင် ယာဉ်များ မိုင်တစ်ရာနှင့် အထက် သွားလာသည့် ခရီးသည်တင် ယာဉ်များအားလုံး ဝယ်ယူရရှိနိုင်ကြောင်း၊ အာမခံ လျော်ကြေးအဖြစ် သေဆုံးမှု အတွက် ငွေကျပ် သိန်း ၃ဝ၊ ထိခိုက်မှုများ အတွက် အချိုးကျ လျော်ကြေးငွေ၊ သူတစ်ပါး ထိခိုက်မှု အာမခံ အတွက် လျော်ကြေးငွေ ကျပ်ငါးသိန်း စုစုပေါင်း လျော်ကြေး ငွေကျပ် ၃၅ သိန်းရရှိ မည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။
အမြန်လမ်း ခရီးသွား အာမခံကို ရန်ကုန်၌ ဧပြီလမှ စတင်ရောင်းချခဲ့ခြင်း ဖြစ်ပြီး အခြား မြို့များတွင် မေလမှ စတင် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment