Friday, August 8, 2014

ဒိုင်လူကြီး ဘ၀ကနေ ဟောင်းဝပ်ဝက်ဘ် အနားယူ


အင်္ဂလန် ကျော်ကြားဆုံး ကွင်းလယ်ဒိုင် ဟောင်းဝပ်ဝက်ဘ်ဟာ အင်္ဂလန် ဒိုင်လူကြီးများအဖွဲ့ (PGMO)မှာ နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူဖို့ စာချုပ်ချုပ်ခဲ့ပြီးနောက် ဒိုင်လူကြီးဘ၀ကို စွန့်လွှတ်လိုက်ပြီလို့ ဗုဒ္ဓဟူးနေ့က အတည်ပြု ကြေညာခဲ့ပါတယ်။

အင်္ဂလန် ဘောလုံးဒိုင်လူကြီး အသိုင်းအ၀ိုင်းမှာ (၂၅)နှစ်ကြာအထိ ကျရာတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဟောင်းဝပ်ဘ်ဟာ လွန်ခဲ့တဲ့(၈)နှစ်ကျော် ကာလအတွင်း အအောင်မြင်ဆုံး အင်္ဂလိပ်ဒိုင်လည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက ဗိုလ်လုပွဲကို ကြီးကြပ်ခွင့် ရခဲ့သလို နိုင်ငံတကာ ပြိုင်ပွဲကြီး (၉)ခုမှာလည်း ဒိုင်လူကြီးတာဝန် ယူခဲ့ဖူးပါတယ်။ သူက နည်းစနစ် ဒါရိုက်တာအနေနဲ့ ရှေ့ဆက်ဖြတ်သန်းရမယ့် အခန်းကဏ္ဍကို စိတ်လှုပ်ရှားမိတယ်လို့ ဆိုပါ တယ်။ အသက်(၄၃)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဟောင်းဝပ်ဝက်ဘ်ဟာ ဒိုင်လူကြီး ဘ၀တလျှောက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ကြောင့် လူကြိုက်များခဲ့သလို မန်ချက်စတာယူနိုက်တက်အသင်းကို မျက်နှာသာ ပေးတယ်လို့လည်း ဝေဖန်ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော ဒိုင်လူကြီးဘ၀ကနေ အတွေ့အကြုံကောင်းတွေ အများကြီး ရခဲ့တယ်လို့ ဟောင်းဝပ်ဝက်ဘ်က ပြောခဲ့ပါတယ်။ သူဟာ ၂၀၁၁ခုနှစ်ကတော့ ဗြိတိန်ဘုရင်မကြီး ချီးမြှင့်တဲ့ အိုဘီအီးဘွဲ့ကိုရခဲ့ပြီး ဘက်ကင်ဟမ် အသိုင်းအ၀ိုင်းနဲ့လည်း အကျွမ်းတ၀င် ဖြစ်ခဲ့ပါတယ်။

No comments:

Post a Comment

back to top