ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုကို ဂျိမ်းရိုဒရီဂွက်ဇ် လက်ခံရရှိ
ရီရဲလ်မက်ဒရစ် ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွက်ဇ်ဟာ ကိုလံဘီယာ လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၄ကမ္ဘာ့ဖလား ပြိုင်ပွဲကရခဲ့တဲ့ ဂိုးသွင်းအများဆုံး(ရွှေဖိနပ်)ဆုကို သောကြာနေ့က မက်ဒရစ်မြို့မှာ လက်ခံရယူပါတယ်။
၂၀၁၄ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး သွင်းဂိုးရှင် အဖြစ်လည်း သတ်မှတ်ခံခဲ့ရတဲ့ ဂျိမ်းရိုဒရီဂွက်ဇ်ဟာ ဇူလိုင်လတုန်းက ရီရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)၀န်းကျင်နဲ့ ပြောင်းခဲ့ပြီး ရွှေဖိနပ်ဆုကို အခုမှ လက်ခံရရှိခဲ့တာပါ။ ရိုဒရီဂွက်ဇ်က’’ ကျွန်တော့် မိသားစုနဲ့ လက်ရွေးစင် ကစားဖော်တွေကိုယ်စား ဒီဆုကို လက်ခံရယူခဲ့ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော် အခုလို ဘ၀မျိုး ရောက်လာတာဟာ သူတို့တွေရဲ့ ကူညီပံ့ပိုးမှုတွေကြောင့်ပါပဲ။ဘရာဇီး ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ကျွန်တော် တစ်ဦးတစ်ယောက်တည်း အတွက်သာမက ကိုလံဘီယာ လက်ရွေးစင် အသင်းအတွက်ပါ မယုံကြည်နိုင်စရာ ကောင်းလောက်တဲ့ အတွေ့အကြုံတွေ ရစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ဖလားမှာ အရင် ကျွန်တော်တို့ မရောက်ဖူးခဲ့တဲ့ အဆင့်ထိ ရောက်ခဲ့ လို့ပါပဲ။ ကျွန်တော့်အနေနဲ့လည်း ပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းသူ ဖြစ်ခဲ့တာကြောင့် အောင်မြင်မှုကြီးတစ်ရပ် ရသလိုခံစားရပါ တယ်။ ရှေ့ဆက်ပြီး လက်ရွေးစင် အသင်းနဲ့ရော ရီရဲလ်မက်ဒရစ်အသင်းနဲ့ပါ အောင်မြင်မှုတွေ ထပ်ရအောင် ကြိုးစားသွားမှာပါ’’လို့ ပြောပါတယ်။

No comments:
Post a Comment