မှတ်ပုံတင်မဲ့လျှပ်စစ် မော်တော်ဆိုင်ကယ်၊သုံးဘီး ဆိုင်ကယ်နှင့် နိဗ္ဗာန်ယာဉ်များအား ဇူလိုင် ၇ ရက်မှစ၍ မှတ်ပုံတင် ဆောင် ရွက်ပေး မည်
နိုင်ငံတော်အတွင်း
တရားမဝင် ရောက်ရှိနေသော လျှပ်စစ် မော်တော်ဆိုင်ကယ်၊ သုံးဘီး ဆိုင်ကယ်နှင့်
နာရေးကူညီမှု အသင်းများတွင် အသုံးပြုနေသော
နိဗ္ဗာန်ယာဉ် များအား ရထားပို့ဆောင်ရေး
ဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီး ဌာနတို့မှ One Stop
Service အဖြစ် ပူးပေါင်း၍ တရားဝင် မှတ်ပုံတင် ဆောင်ရွက် ပေးခြင်းကို
ဇူလိုင် ၇ ရက်မှ ၃၁ ရက်ထိ ရုံးဖွင့်ရက်အတွင်း ဆောင်ရွက် ပေးသွားမည်
ဖြစ်ကြောင်း၊ မှတ်ပုံတင် ဆောင် ရွက်ပေးရာ တွင် ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှု ဦးစီးဌာန ရုံးစိုက်ရာ မြို့များ တွင် ဆောင်ရွက် ပေး သွား မည်
ဖြစ်ပြီးအလှမ်းဝေးသည့် ဒေသများအတွက်လည်း သက်ဆိုင်ရာ ဒေသ အုပ်ချုပ်ရေး
အဖွဲ့များနှင့် ညှိနှိုင်း၍ နယ်လှည့် လုပ်ဆောင် ပေး သွားမည် ဖြစ်ကြောင်း
သိရှိရသည်။
လျှပ်စစ် မော်တော်ဆိုင်ကယ်နှင့်
သုံးဘီးဆိုင်ကယ် တစ်စီးလျှင် သတ်မှတ် တန်ဖိုး၏ (၅) ရာခိုင်နှုန်းအား
အကောက်ခွန် စည်းကြပ်ခွန်၊ သတ်မှတ် တန်ဖိုး၏ (၅)ရာခိုင်နှုန်းအား ကုန်သွယ်
လုပ်ငန်းခွန်၊ သူတစ်ပါး ထိခိုက်မှု အာမခံ တစ်နှစ်လျှင် ၈ဝဝ ကျပ်၊
မှတ်ပုံတင်ကြေး ၂၂ဝဝဝ ကျပ်နှင့် ဘဏ်ဆောင်ရွက်ခ ၅၅ဝ ကျပ် ပေးသွင်းရမည်
ဖြစ်သည်။
လျှပ်စစ် မော်တော်ဆိုင်ကယ်နှင့် သုံးဘီး
ဆိုင်ကယ်များမှ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့် ခုနှစ်ပေါ် မူတည်၍
ပေးသွင်းရမည့် အခွန်ငွေ ကွဲပြားနိုင်သည်။
နိဗ္ဗာန်ယာဉ်များမှာ အကောက်ခွန်
စည်းကြပ်ခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံခြင်း မပြုဘဲ
ကင်းလွတ်ခွင့်ပြု မည်ဖြစ်သည်။ သူတစ်ပါး ထိခိုက်မှု အာမခံ တစ်နှစ်လျှင် ၁၅ဝဝ
ကျပ်၊ မှတ်ပုံတင်ကြေး ၂၇၁ဝဝ ကျပ်နှင့် ဘဏ်ဆောင်ရွက်ခ ၅၅ဝ
ကျပ်ပေးသွင်းရမည်ဖြစ်သည်။
အဆိုပါ ယာဉ်များအား လက်ဝယ်
ပိုင်ဆိုင်ထားသူများ အနေဖြင့် မှတ်ပုံတင် ဆောင်ရွက်ပေးမည့် ရက်အတွင်း
တရားဝင် မှတ်ပုံတင် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ အချိန်မီ တင်ပြ
ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်သည်။
အတွေ့အကြုံများ အရ သတ်မှတ်ကာလ
အစောပိုင်းတွင် လာရောက် ဆောင်ရွက်ခြင်း မပြုဘဲ သတ်မှတ်ရက် ကုန်ဆုံးခါနီးမှ
အများအပြား လာရောက် ဆောင်ရွက်သဖြင့် လုပ်ငန်း အခက် အခဲများ ဖြစ်ပေါ် ရကြောင်း
သိရှိရသည်။
ယခုမှတ်ပုံတင် ဆောင်ရွက်ပေးခြင်းသည်
ဥပဒေနှင့် အညီဖြစ်စေရန် နောက်ဆုံးအကြိမ် အဖြစ် အခွင့် အရေး ပေးခြင်းဖြစ်ပြီး
သတ်မှတ်ရက် ကျော် လွန်သွားပါက မှတ်ပုံတင်မဲ့ ယာဉ်အဖြစ် တည်ဆဲ ဥပဒေများနှင့်
အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ref. myawady
No comments:
Post a Comment