အလုပ်သမားဖိုရမ်မှ ချမှတ်သည့် ရှေ့လုပ်ငန်းစဉ်များ
၁။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာ အလုပ်သမား ရေးရာအဖွဲ့များ ကို လိုအပ်သလို ဖွဲ့စည်းရန်။
၂။ အလုပ်သမားရေးရာအဖွဲ့နှင့် ဆက်စပ်ဆောင်ရွက်ရန် လိုအပ်သည့်နေရာ များတွင် အခြေခံ အလုပ်သမားအဖွဲ့များကို သာမန်အားဖြင့် အနည်းဆုံး ၁၀ ဦးဖြင့် စုဖွဲ့ရန်။
၃။ အခြေခံအလုပ်သမားအဖွဲ့များသည် သက်ဆိုင်ရာနယ်မြေဒေသအလိုက် ရှိနှင့် ပြီးသော အရပ်ဘက် အဖွဲ့အစည်းများနှင့် ပေါင်းစပ်ထိတွေ့၍ ပြည်သူ့အကျိုး ဒေသအကျိုး ဖော်ဆောင်ရန်။
၎။ ပြဌာန်းထားသည့် အလုပ်သမားများနှင့် သက်ဆိုင်သော ဥပဒေများနှင့်အညီ အမှန်တကယ် ရရှိနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရေး၊ လုပ်ငန်းခွင် ဘေး အန္တရာယ် ကင်းရှင်းရေး၊ သက်သာချောင်ချိရေး၊ လူမှုဖူလုံရေးကိစ္စရပ်များနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ရရှိ အောင် ကူညီဆောင်ရွက်ပေးရန်။
၅။ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရေး ရှာဖွေ ဖော်ထုတ် ကူညီ ဆောင်ရွက်ရန်။
၆။ အလုပ်သမားများ၊ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ တိုးပွားရေး၊ သင်ယူ လေ့လာနိုင်မှု အခွင့်အလမ်းများ ရရှိရေး ကူညီဆောင်ရွက်ပေးရန်။
၇။ မြို့ပြနှင့် ဆင်ခြေဖုံး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အခြေခံ အလုပ် သမားအဖွဲ့များမှ ပါဝင် ကူညီဆောင်ရွက်ခြင်းဖြင့် အလုပ်သမားများ၏ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်။
၈။ အလုပ်သမားပါတီဝင်ဦးရေ တိုးပွားလာစေရေးနှင့် ပါတီမိတ်ဆွေများ ရရှိရေး ကြိုးပမ်းဆောင် ရွက်ရန်။
၉။ အလုပ်သမားထု တစ်ရပ်လုံး ပါတီ၏ မူဝါဒ၊ လုပ်ငန်းစဉ်များအပေါ် သက်ဝင် ယုံကြည်၍ ပူးပေါင်းဆောင်ရွက်လာစေရန်။
No comments:
Post a Comment