ချစ်သူများ အစည်းအရုံးဇာတ်ကားကို ထပ်မံရောင်းချသွားမယ့် ရုပ်ရှင် အစည်းအရုံး
ရုပ်ရှင်အစည်းအရုံးမှာ ၀ယ်ယူပြီး ကျန်ရှိနေတဲ့ဖလင်တွေနဲ့ ရိုက်ကူးတဲ့ ချစ်သူများအစည်း အရုံး ဇာတ်ကားကို လေလံရရှိခဲ့တဲ့ ဦးရဲအောင်က စရံငွေအဆုံးခံလိုက်တာကြောင့် ဒီဇာတ်ကားကို စိတ်ဝင်စား လို့
ဝယ်ယူချင်သူတွေကို ရုပ်ရှင်အစည်းအရုံးအနေနဲ့ ထပ်မံရောင်းချပေးသွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ နာမည်ကျော်ရုပ်ရှင်မင်းသား၊
မင်းသမီး(၁၄)ဦးနဲ့ ရိုက်ကူးထားတဲ့ ဟာသ ဇာတ်ကားအမျိုးအစားဖြစ်ပြီး
ဒီဇာတ်ကားကို သိန်း(၃၀၀၀)နဲ့ လေလံရရှိခဲ့တဲ့ ဦးရဲအောင်ဟာ
စရံငွေသိန်း(၃၀၀)ပေးချေပြီးပြီဖြစ်ပါတယ်။
ဒါပေမယ့် စာချုပ်အရ ဇာတ်ကားကို မယူဖြစ်ခဲ့ တဲ့အတွက်
စရံငွေတစ်ဝက် သိန်း(၁၅၀)ကိုသာ ပြန်လည် ရရှိခဲ့တယ်လို့
သိရပါတယ်။ဒီဇာတ်ကားအတွက် ရရှိခဲ့တဲ့စရံငွေ သိန်း(၁၅၀)ကိုတော့
ရုပ်ရှင်အစည်းအရုံး
ပင်မရန်ပုံငွေအဖြစ်ထားရှိသွားမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကို
ဝယ်ယူချင်သူတွေအတွက် လေလံပွဲကို ထပ်မံပြုလုပ်တော့မှာ မဟုတ်ဘဲ
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုသာ ဆက်သွယ်ဝယ်ယူရမှာ ဖြစ်တယ်လို့
သိရပါတယ်။

No comments:
Post a Comment