ဒုံးကျည်စမ်းသပ်မှုကို ကာကွယ်ပြောကြားလိုက်သည့် မြောက်ကိုရီးယား
မြောက်ကိုရီးယားဟာ
အခုတလောမကြာခဏပြုလုပ်နေတဲ့ ဒုံးကျည်လက်နက်စမ်းသပ် ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ကာကွယ်ပြောကြားထားပါတယ်။
မကြာသေးမီက
ပြုလုပ်ခဲ့တဲ့ လက်နက်ပစ်ခတ်စမ်းသပ်မှုတွေဟာ နိုင်ငံကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ တရားဝင်လုပ်ဆောင်ခဲ့တဲ့
လေ့ကျင့်ခန်းတွေသာ ဖြစ်တယ်လို့ မြောက်ကိုရီးယား စစ်တပ်ရဲ့ အထက်အရာရှိပိုင်းက တနင်္လာနေ့က
ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လမှာ မြောက် ကိုရီးယားစစ်တပ်ဟာ
လက်နက်ကြီးပစ်ခတ် စမ်းသပ်မှုကို ခြောက်ကြိမ် ခန့် ပြုလုပ်ခဲ့တာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ
သတိပေးခဲ့ပြီး အဲ့ဒီစမ်းသပ်ပစ်ခတ်မှုတွေထဲမှာ ကုလသမဂ်္ဂက တားမြစ်ထားတဲ့ ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှုတွေလည်း
ပါဝင်ခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ
ကာကွယ်ရေးကော်မရှင်ကတော့ စမ်းသပ်မှုတွေဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲ
စစ်ရေးလေ့ကျင့်မှုကို သဘောမတူကြောင်း ပြသခြင်းဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အဓိပ်္ပါယ်
မရှိတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားဟာ အမေရိကန်ရေတပ်နဲ့
အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့တစ်ပတ်က ပြုလုပ်ခဲ့တာဖြစ်ပြီး ရှာဖွေ ကယ်ဆယ်ရေး
ရေတပ်လေ့ ကျင့်ခန်းကို တနင်္လာနေ့က ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံကလည်း ပူးပေါင်းပါဝင်လေ့ကျင့်
ခဲ့ပါတယ်။
No comments:
Post a Comment