Wednesday, July 23, 2014


အပစ်အခတ်ရပ်စဲမှု ချက်ချင်းလုပ်ဆာင်ဖို့ တောင်းဆိုလိုက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အစ္စရေးနဲ့ ဟားမက်စ်တို့ကို အပစ်အခတ်ချက်ချင်း ရပ်ဖို့ တောင်းဆို လိုက်တယ်လို့ သိရပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဂါဇာမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အပစ်အခတ် ချက်ချင်းရပ်ဆိုင်းကြဖို့ အရေးပေါ်တံခါးပိတ်စည်းဝေး ပွဲအပြီး မှာ တောင်းဆို လိုက်ပါတယ်။




တနင်္ဂနွေနေ့ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဒီစည်းဝေးပွဲဟာ ဂါဇာမြို့တွင်းကို  အစ္စရေးတို့က ဒုံးကျည်နဲ့ ပစ်ခတ်မှုဟာ အတင့်ရဲလုပ်ရပ်ဖြစ်တယ်လို့ မစ္စတာဘန်ကီမွန်းက ဝေဖန်မှုအပြီးမှာ လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့တုန်းက ပြုလုပ်ခဲ့တဲ့အစ္စရေးတို့ရဲ့ မြေပြင်ထိုးစစ်ဆင်မှုကြောင့် အစ္စရေးနိုင် ငံသား(၃)ဦးနဲ့ ပါလက်စတိုင်းဒေသခံ အယောက်(၁၀၀)ကျော် သေဆုံးခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီဟာ အစ္စရေး-ပါလက်စတိုင်းအရေး ဆွေးနွေးဖို့ အီဂျစ်နိုင်ငံကို ရောက်ရှိနေပါတယ်။



ဇူလိုင်လ(၈)ရက်နေ့ကစတင်ခဲ့တဲ့ အစ္စရေးတို့ရဲ့ ဟားမက်စ် စစ်သွေးကြွတွေအပေါ် လုပ်ဆောင်တဲ့ စစ်ဆင်ရေးကြောင့် သေဆုံးသူ(၅၀၁)ဦးအထိရှိလာပြီး ဒဏ်ရာရရှိသူ (၃၁၃၅)ယောက် အထိရှိသွားပြီဖြစ်တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


No comments:

Post a Comment

back to top