Wednesday, July 23, 2014


ရွေးကောက်ပွဲရလဒ် မကြေညာမီ အင်ဒိုနီးရှားတွင် လုံခြုံရေးတိုးမြှင့်
အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတသစ်ကို အတည်ပြုမည့် ရွေးကောက်ပွဲရလဒ်မကြေညာမီ လုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြသည်။

ယခုလ ၉ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဂျကာတာမြို့တော်ဝန် ဂျိုကိုဝီဒိုဒိုနှင့် အင်ဒိုနီးရှားစစ်တပ် အကြီးအကဲဟောင်း ဆူဘီယန်တိုတို့ နှစ်ဦးသည် ရွေးကောက်ပွဲ ရလဒ်မကြေညာမီ မဲစာရင်းများနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် အချက်များရှိနေသည် ဟု ပြောကြား မှုများရှိခဲ့ခြင်းကြောင့် ရွေးကောက်ပွဲရလဒ် ကြေညာချိန်တွင် တင်းမာမှုများ မဖြစ်ပွားရန် လုံခြုံရေး တိုးမြှင့်ခြင်းဖြစ်ဖွယ်ရှိသည်ဟု သိရသည်။ အင်ဒိုနီးရှားပြည်ထဲရေးဝန်ကြီးဌာနက ရဲတပ်ဖွဲ့ဝင် ၂၅၀၀၀၀ ကို လုံခြုံရေးတာဝန်များ ပေးအပ်ထားသည်ဟု အတည်ပြုသည်။

No comments:

Post a Comment

back to top