အလှမယ်
မေမြတ်နိုး၏ သရဖူ ကိုရီးယားပြန်သိမ်းမည်မဟုတ်

Miss Asia Pacific World အလှမယ် မေမြတ်နိုး၏ သရဖူကို ကိုရီးယားအဖွဲ့အစည်းမှ
ပြန်မ သိမ်းရန် မြန်မာနိုင်ငံ ဆိုင်ရာ ဒါရိုက် တာကိုယ်တိုင်
တောင်းပန်ထားခြင်း ကြောင့် သရဖူ ပြန်သိမ်းဖြစ်တော့
မည် မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ မလှနုထွန်းက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက
မြန်မာ အလှမယ်မေမြတ်နိုး၏ သရဖူကို ကိုရီးယားအဖွဲ့အစည်းမှ ပြန်လည်
သိမ်းယူတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သော်လည်း ၎င်း၏တောင်းပန်
မှုကြောင့် ပြန် လည်သိမ်း ယူတော့မည် မဟုတ်ကြောင်း မလှနုထွန်းက ပြောသည်။မြန်မာအလှမယ်သည်
သရဖူပိုင်ဆိုင်ထားပြီးသော်လည်း စာနယ်ဇင်းများနှင့် လုပ်ကိုင်ဆက်ဆံရာ တွင်
မောက်မာခြင်း၊ မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံ ရိုက်ရက်များကို ငွေကြေးမရပါက
ဖျက်သိမ်းခြင်း စသည့်များ အပြင်
သရဖူပိုင်ဆိုင်ထားသည့်အလှမယ်တစ်ယောက်အနေဖြင့် Professional
မပီသခြင်းများကြောင့် သရဖူ၏ဂုဏ်သိက္ခာနှင့် အလှမယ်အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကျ
ဆင်းခြင်း တို့ကြောင့် ယခုကဲ့သို့ သရဖူပေးအပ်သည့် ကိုရီးယားအဖွဲ့အစည်းက
ပြန်လည် ရုပ်သိမ်းရန် ကြေညာ လိုက်ခြင်း ဖြစ်ကြောင်း မလှနုထွန်းမှ
တစ်ဆင့်သိရသည်။
”အစ်မကပြန်မသိမ်းဖို့ တောင်းပန်ထားပါတယ်။
ဒါ့ကြောင့်လည်း ကိုရီးယား အဖွဲ့အစည်း က ပြန် မသိမ်းဖြစ်တော့ပါ ဘူး။
လောလောဆယ်တော့ အစ်မတို့ ကြားမှာဘာညှိနှိုင်းဆောင်ရွက်မှုမှ မရှိပါဘူး။
စပွန်ဆာတွေဘက်ကို သူပျက်ကွက်မှုတွေများလို့ အစ်မလိုက်တောင်းပန်နေ ရတယ်။ အခု
တစ်ရက်၊ နှစ်ရက်အတွင်း သူ အစ်မဆီ ပြန်လာပြီး ညှိညှိနှိုင်းနှိုင်း
မဆောင်ရွက်ရင်တော့ အစ်မသူနဲ့လက်တွဲဖြုတ်လိုက်ရုံပါပဲ”ဟု မလှနုထွန်းက
ပြောသည်။
လက်ရှိအချိန်တွင် အလှမယ် မေမြတ်နိုးနှင့်
ဆက်စပ်လုပ်ကိုင်နေသည့် ဖက်ရှင်ဒီဇိုင်နာ၊ မိတ်ကပ်ဖန်တီးရှင်၊
ဂျာနယ်မဂ္ဂဇင်းများတွင် ပျက်ကွက် မှုရှိပါက၎င်းထံတိုက်ရိုက်ဆက်သွယ်ပြောဆို
ပေးရန် တောင်းဆိုကြောင်း မလှနုထွန်းကပြောသည်။
” ညီမအနေနဲ့တော့
ကိုယ့်ရဲ့ဆရာလည်းဖြစ်တယ်၊ ကျေးဇူးရှင်လည်းဖြစ်တဲ့ အတွက်
ဘာမှဝေဖန်ပြောဆို ချင်တာမျိုး မရှိပါဘူး။ သရဖူကိုပြန်သိမ်းဖို့ ဆိုတာလည်း
လုံးဝဖြစ်လာနိုင်မှာ မဟုတ်သလို ဘာအကြောင်းကြောင့်နဲ့မှလည်း ပြန်သိမ်း
ဖြစ်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် လောလောဆယ်မှာ ဘယ်ကောလာဟလသတင်းတွေကိုမှ
ပြန်ဖြေရှင်းတာမျိုး မလုပ်ချင်သေးပါဘူး။ မကြာခင်မီဒီယာတွေက
တစ်ဆင့် အများပြည်သူရှေ့ကို အမှန်အတိုင်း ဖွင့်ချပြောဆိုပေးသွားပါ့မယ်” ဟု
Miss Asia Pacific World အလှမယ် မေမြတ်နိုးက စံတော်ချိန်သို့
ပြောဆိုခဲ့သည်။
အလှမယ်မေမြတ်နိုးနှင့် ၎င်း၏အကြားတွင် မည်သည်
့စာချုပ်သဘော တူညီချက်မှ ချုပ်ဆိုထားခြင်းမရှိဘဲ ဇွန် ၁၅ ရက်က ချုပ်ဆိုရန်
စီစဉ်ခဲ့ သော်လည်း ပျက်ကွက်ခဲ့ခြင်း ရှိကြောင်း သိရသည်။
အလှမယ်မေမြတ်နိုးသည်
သရဖူရရှိသည့်အတွက် ဆုကြေးငွေ၏ ၃၀ရာခိုင်နှုန်းကိုလည်း မြန်မာနိုင်ငံ
ဆိုင်ရာ အဖွဲ့အစည်း ဒါရိုက်တာသို့ ပေးအပ်ရမည် ဖြစ်သော်လည်း ၎င်းင်းအနေဖြင့်
လက်ခံရ ရှိခြင်း မရှိသေးကြောင်း မလှနုထွန်းက ဖြည့်စွက် ပြောကြားသည်။
Miss
Asia Pacific World ၂၀၁၄ အလှမယ် မေမြတ်နိုးသည် ကိုရီးယား
နိုင်ငံဆိုးလ်မြို့တွင် မေ ၃၁ ရက်က ကျင်းပခဲ့သည့် ပြိုင်ပွဲသို့ ပထမဆုံး
အကြိမ် သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးအကြိမ်သရဖူရရှိခဲ့သည့်
အလှမယ်တစ်ဦးဖြစ် ကြောင်း သိရသည်။
No comments:
Post a Comment