အနုပညာပျိုးခင်း၏ ဒုတိယခြေလှမ်းတွင် နိုင်ငံအ၀န်း အမျိုးသမီး သရုပ်ဆောင်သစ် များခေါ်ယူမည်
အနုပညာပျိုးခင်း၏
ဒုတိယခြေလှမ်းအဖြစ် ရွက်ပုန်း သီးအမျိုးသမီး သရုပ်ဆောင်သစ် များ
ပေါ်ထွက်လာစေ ရန် မြန်မာ တစ်နိုင်ငံလုံးမှ အမျိုးသမီး သရုပ် ဆောင်သစ်များကို
ခေါ်ယူမည်ဟု ဒါရိုက်တာဝိုင်း က ပြောသည်။
‘‘မြန်မာတစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ ခေါ်ထားတယ်။ အဓိကရည်ရွယ်ချက်ကတော့ ရွက်ပုန်းသီး အနုပညာရှင်တွေ ကို ဖော်ထုတ်နိုင်ဖို့ပါ’’ ဟု ၎င်းက ပြောသည်။အသက် (၁၆)နှစ်မှ (၂၅) နှစ် အတွင်းရှိ အမျိုးသမီးများ လျှောက်ထားနိုင်ပြီး ရွေးချယ် မည့် အရေအတွက်ကို မသတ် မှတ်ရသေးဟုဆိုသည်။
ဒုတိယအကြိမ် ပြုလုပ်ခြင်း ဖြစ်၍ ယခင် ပြုလုပ်ခဲ့သော အနု ပညာပျိုးခင်း၏ အားနည်းချက်၊ အားသာချက်များ ကိုယူကာ ပြု လုပ်သွားရန် အစီအစဉ်ရှိပြီး ပထမအကြိမ်ထက်ပို၍ ကျယ် ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် အ စီအစဉ်ရှိကြောင်း ဒါရိုက်တာဝိုင်း က ပြောသည်။
‘‘လျှောက်လွှာအနေနဲ့ ကိုယ် ရေးအကျဉ်းကို လက်ရေးနဲ့ ရေးပြီး တင်လို့ရပါတယ်။ လျှောက်လွှာတွေကို သြဂုတ် ၁၅ ရက် နောက်ဆုံးထားပြီး အလင်းတန်း ဂျာနယ်တိုက်ကို ပို့ပေးရမှာပါ’’ ဟု ၎င်းကပြောသည်။
အနုပညာပျိုးခင်းအစီအစဉ် ကို ၂၀၁၁ ခုနှစ်အတွင်းက လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်နှင့် ဒါရိုက်တာ ၀ိုင်းတို့ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ပြီး မင်းသမီးများအဖြစ် အိချောပို၊ ယုသန္တာတင်၊ ရွှေမှုံရတီတို့ကို ပွဲ ဦးထွက် စင်တင်ခဲ့သည်။

No comments:
Post a Comment