Thursday, July 3, 2014

စပိန် တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ချဲလ်ဆီး အပြီးသတ် ခေါ်ယူ






 ချဲလ်ဆီး အသင်းဟာ စပိန် တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ခေါ်ယူ စာချုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အဂါင်္နေ့မှာ တရားဝင် သတင်း ထုတ်ပြန်ခဲ့ပါတယ်။
အသက် (၂၅)နှစ်ရှိပြီဖြစ်တဲ့ အဆိုပါ တိုက်စစ်မှူးရဲ့ ပြောင်းရွှေ့ကြေးကို တရားဝင် မထုတ်ဖော်ပေမယ့် သတင်းတွေရဲ့ အဆိုအရ ယူရိုသန်း (၄၀)ခန့် ရှိတယ်လို့ သိရပါတယ်။ ကော်စတာဟာ ဒီနှစ်ရာသီမှာ စပိန်အသင်း ဖော်ဖာဘရီဂတ်စ် ပြီးတဲ့နောက် ချဲလ်ဆီးနည်းပြ မော်ရင်ဟိုရဲ့ ဒုတိယမြောက် ခေါ်ယူခံရတဲ့ သူလည်း ဖြစ်ပါတယ်။ ကင်မရွန်း တိုက်စစ်မှူး အီတူးနဲ့ လမ်းခွဲခဲ့တဲ့ ချဲလ်ဆီးအသင်း တိုက်စစ်မှာ ကော်စတာဟာ စပိန်အသင်း ဖော်တောရက်စ်၊ ဆီနီဂေါ တိုက်စစ်မှူး ဒမ်ဘာဘတို့နဲ့ လက်တွဲရမှာ ဖြစ်ပါတယ်။ ပေါ်တူဂီမြေမှာ ကစားသမားဘ၀ကို စတင်ခဲ့တဲ့ ဘရာဇီးဖွား တိုက်စစ်မှူး ကော်စတာဟာ (၂၀၀၇)ခုနှစ်မှာ စပိန်ကလပ် အက်သလက်တီကို ကို ရောက်လာပြီးနောက်မှာတော့ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ အဲဒီ ခြေစွမ်းတွေကြောင့် စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ခွင့် ရခဲ့ပေမယ့် ဒဏ်ရာကြောင့် ခြေစွမ်း မပြနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ တတိယ ရခဲ့တဲ့ ချဲလ်ဆီးဟာ လာမယ့် သြဂုတ်လမှာ တန်းတက် ဘန်လေအသင်းနဲ့ ရာသီအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top