နိုဝင်ဘာလ အထိကြာမြင့်မည့် အီရန်နျူကလီးယား ဆွေးနွေးပွဲ
အီရန်နဲ့ ကမ္ဘာ့
အင်အားကြီး ၆ နိုင်ငံတို့ ဆွေးနွေး လုပ်ဆောင်နေတဲ့ အီရန် နျူကလီးယား အရေး
ဆွေးနွေးပွဲဟာ နောက်ဆုံး သဘော တူညီချက် ရရှိဖို့နိုဝင်ဘာ ၂၄ ရက်နေ့အထိ
ထပ်တိုး လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ သြစတြီးယား နိုင်ငံ၊ ဗီယန်နာမြို့မှာ
ကျင်းပခဲ့တဲ့ အီရန်နဲ့ ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံ တို့ကြားက တီဟီရန် နျူကလီးယား
အရေး ဆွေးနွေးပွဲကို လာမယ့် နိုဝင်ဘာလ ၂၄ရက်နေ့ မတိုင်ခင် အထိ အချိန် ထပ်တိုး
သွားမှာဖြစ်ပြီး ၀ါရှင်တန် ကလည်း ရပ်ဆိုင်း ထားတဲ့ ရန်ပုံငွေ ထောက်ပေးမှု တွေကို
ပြန်လည်စတင် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဗီယန်နာမြို့မှာ
သောကြာနေ့ တုန်းက လုပ်ဆောင်နိုင်ခဲ့တဲ့ သဘော တူညီချက် မှာတော့ အီရန်ဟာ ကြွယ်ဝ
ယူရေနီယံ ၂၀ ရာခိုင်နှုန်းကို လောင်စာ အဖြစ် ပြောင်းလဲ အသုံးပြုသွား မှာ
ဖြစ်တာကြောင့် အမေရိကန်က အီရန်နိုင်ငံ အပေါ်မှာ ပိတ်ထားတဲ့ ဒေါ်လာ ၂.၈ ဘီလီယံတန်
ရန်ပုံငွေ တွေကို ပြန်လည် ပေးအပ် သွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြားထားပါတယ်။ ဒါပေမယ့်လည်း ထောင့်စုံတဲ့ သဘော
တူညီချက်ရရှိဖို့ ကွာဟချက် အနည်းငယ် ရှိနေသေးတာကြောင့် ဆွေးနွေးပွဲ ရက်ကို
နိုဝင်ဘာလ အတွင်းမှာ ကြွယ်ဝ ယူရေနီယံ ၂၅ ကီလိုကို လောင်စာအဖြစ် ပြောင်းလဲဖို့
ကတိပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment