Monday, July 21, 2014


ဘရာဇီးမှလေယာဉ်အစီး(၆၀)၀ယ်ယူမယ့် တရုတ်လေကြောင်းလိုင်း

တရုတ်နိုင်ငံဟာ ဘရာဇီးနိုင်ငံထံကနေ E190 လေယာဉ်အမျိုးအစား အစင်းရေ(၆၀)ကို ၀ယ်ယူဖို့ သဘောတူ စာချုပ်ချုပ်ဆိုပြီး ဖြစ်တယ်လို့ သိရပါတယ်။တိုင်ကျင်းတရုတ်လေကြောင်းလိုင်း၊ တရုတ်စက်မှုနဲ့ စီးပွားရေးဘဏ်နဲ့တို့ဟာ နာမည်ကြီး ဘရာဇီးလေယာဉ်၊ လေယာဉ်ကုမ္ပဏီအမ်ဘရာရာနဲ့ E190 လေယာဉ် အမျိုးအစား အစင်းရေ(၆၀) ၀ယ်ယူဖို့ ကြာသပတေးနေ့တုန်းက စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဝယ်ယူမယ့် အစင်းရေ(၆၀)မှာ တိုင်ကျင်းလေကြောင်းလိုင်း အစီး(၄၀)နဲ့ တရုတ်စက်မှုနဲ့ စီးပွားရေးဘဏ်က အစင်း(၂၀)၀ယ်ယူမှာဖြစ်ပြီး ရောင်းဝယ်မှု စာချုပ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ(၃.၃) ဘီလီယံ ဖြစ် အထိရှိနိုင်တယ်လို့ သိရပါတယ်။ အခုလိုစာချုပ် ချုပ်ဆိုခဲ့မှုနဲ့ ပတ်သက်ပြီး အမ်ဘာရာ လေယာဉ် ထုတ်လုပ်ရေး အမှုဆောင်အရာရှိချုပ် " ပေါ်လိုစီဆာဆီလ်ဗာ " က လာမယ့်(၂၀၁၈)ခုနှစ်မှာ ပေးပို့နိုင်ဖွယ် ရှိတယ်လို့ ပြောကြားထားပါတယ်။

No comments:

Post a Comment

back to top