Monday, July 21, 2014


ကလေးသူငယ် ဆင်းရဲမွဲတေမှုမြင့်တက်လာတဲ့ ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံရဲ့ ကလေးသူငယ်ဆင်းရဲမွဲတေမှုနှုန်းဟာ စံချိန်သစ်အထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ဂျပန်အစိုးရက ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရကလေးသူငယ်ဆင်းရဲမွဲတေမှုနှုန်းထားမြင့်တက် လာပြီးတိုကျို အစိုးရဟာ ဝေဖန်ခံနရပါတယ်။ လူနေမှုနဲ့ သက်သာချောင်ချိရေးဝန်ကြီးဌာနက (၂၀၁၂)ခုနှစ်မှာ ကလေးသူငယ်ဆင်းရဲမွဲတေမှုနှုန်းထားဟာ (၁၆.၃)ရာခိုင်နှုန်းထိ မြင့်တက်လာပြီး ဆယ်စုနှစ်သုံးခုအတွင်း အဆိုးဝါးဆုံးဖြစ်နေတယ်လို့ဆိုပါတယ်။

 အင်္ဂါနေ့က စစ်တမ်းဟာပုံမှန် ၀င်ငွေသတ်မှတ်မှုမပြည့်မီတဲ့ အိမ်တွေက ကလေးတွေကို ကောက်ယူ တာဖြစ်ပြီးတော့ ဂျပန်နိုင်ငံမှာ ပုံမှန်ဝင်ငွေသတ်မှတ်ချက်ဟာ လူတစ်ယောက်အတွက် တစ်နှစ်ကိုဂျပန် ယန်းငွေ(၁.၂၂)သန်း ဒါမှ မဟုတ် အမေရိကန် ဒ်ါလာတစ်သောင်းနှစ်ထောင် ဖြစ်ပါတယ်။ အိမ်ထောင် မရှိတဲ့မိဘတွေနဲ့ နေထိုင်သူကလေးငယ်ဦးရေရဲ့ တစ်ဝက်ကျော်ဟာ ဆင်းရဲမွဲတေမှုသတ်မှတ် ချက်ထဲ ရောက်ရှိနေပြီး ကလေးရှိတဲ့ အိမ်ထောင်တွေရဲ့ သုံးပုံနှစ်ပုံနီးပါးဟာ ဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လည်း စစ်တမ်းက ဆိုပါတယ်။

No comments:

Post a Comment

back to top