Wednesday, July 23, 2014


ဖွဲ့စည်းပုံ အခြေခံ အတည်ပြုရေး ထိုင်းဘုရင်အား တပ်မတော် အစိုးရခေါင်းဆောင် တွေ့ဆုံမည်
ထိုင်းနိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ကို ကြားဖြတ်အတည်ပြု ပြဋ္ဌာန်းနိုင်ရေး အတွက် နိုင်ငံ အကြီးအကဲ၏ ထပ်ဆင့်အတည်ပြုချက်ရရှိရန် တပ်မတော်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာကြီးပရာ ယွတ်ချန်အိုချာသည် ဇူလိုင် ၂၂ ရက်တွင် ဘုရင်မင်းမြတ် ဘူမိဘောလ်အဒူရာဒက်ခ်ျ အား တွေ့ဆုံ မည်ဖြစ်ကြောင်း နန်းတော်ကထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။

ထိုင်းနိုင်ငံ၌ မေ ၂၂ ရက်တွင် စစ်ဘက်က အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေဟောင်းကို ဖျက်သိမ်းခဲ့သည်။ ထိုဖွဲ့ည်းပုံအခြေခံ ဥပဒေ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်အထိ နိုင်ငံတော်အား မည်သို့မည်ပုံ အုပ်ချုပ်သွားမည်ကို ဖော်ပြမည်ဖြစ်သည်။ အထွေထွေရွေးကောက်ပွဲ ကျင်းပခြင်းကို လာမည့်နှစ်ကုန်အထိ တပ်မတော်အစိုးရက ဆိုင်းငံ့ထားဖွယ်ရှိသည်။
ယခုဖွဲ့စည်းပုံ ဥပဒေတစ်ရပ်ကို ဘုရင်မင်းမြတ်က ထပ်ဆင့်အတည်ပြုပေးနိုင်ရန် ဗိုလ်ချုပ်ကြီး ပရာယွတ်က ဘုရင်မင်းမြတ်အား လာရောက်ဖူးမြော်မည်ဖြစ်ကြောင်း နန်းတော်ရေးရာဗျူ၇ိုမှ အထက်တန်းတာဝန်ရှိသူ က ပြောသည်။
ယခုဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာရ စစ်ကောင်စီဖြစ်သော အမျိုးသားငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကောင်စီ၏ အခန်းကဏ္ဍကို ဖော်ပြမည်ဖြစ်ကြောင်း စစ်ဘက်သတင်း ရပ်ကွက် က ပြောကြားသည်။ လာမည့်လများမှစ၍ အဆိုပါ ကောင်စီသည် အရပ်သားများ ပါဝင်သော ၀န်ကြီးအဖွဲ့နှင့်အတူ လက်တွဲလုပ်ကိုင်သွားမည်ဟု မျှော်လင့်ရသည်။ ယင်းဝန်ကြီးအဖွဲ့၏ အဖွဲ့ဝင် ၀န်ကြီးများကို အဆိုပါကောင်စီက ခန့်အပ်မည်ဖြစ်သည်။

No comments:

Post a Comment

back to top