ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၅၂) ရပ်ကွက် ပါတီရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကျင်းပ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အမှတ်(၅၂) ရပ်ကွက် စံပယ်ဦးလမ်း
မြေကွက်အမှတ်(၁၂၅) ရှိ ရပ်ကွက်ပါတီရုံးဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို
ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်ပါတီရုံးတည်ရှိရာနေရာ၌ ကျင်းပခဲ့သည်။
အစီအစဉ်အရ
နံနက် ၉ နာရီတွင် အမှတ်(၅၂) ရပ်ကွက် ပါတီရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်မင်္ဂလာကို မြို့နယ်ပါတီ
အတွင်းရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ်ပါတီတွဲဖက်အတွင်းရေးမှူးမှူး ဦးလှမျိုးနှင့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးခင်မောင်ထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး
ပါတီဆိုင်းဘုတ်နှင့် ရုံးကို သပြေခက်နှင့် နံသာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက်
ဒေသဖွံ့ဖြိုးရေးနှင့် စည်းရုံးရေးရာလုပ်ငန်းများတွင် အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်အ မာခံပါတီဝင်ဖြစ်သည့် ဦးမြလှိုင်မိသားစုက
ငွေကျပ် ၃၀၀၀၀ ပေးအပ်လှူဒါန်းရာ ရပ်ကွက်ပါတီအဖွဲ့ခေါင်းဆောင်
ဦးဆောင် ဦးတင်ကြည်က လက်ခံရယူသည်။ ပါတီရု့းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားသို့
မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာများမှ၊ မိတ်ဖက်ပါတီဝင်များ၊ ရပ်ကွက်နှင့်
ကျေးရွာများမှ အဖွဲ့ခေါင်းဆောင် နှင့် ကော်မတီဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ
စုစုပေါင်းအင်အား ၁၀၀ တက်ရောက်အား ပေးကြသည်။
No comments:
Post a Comment