၃၀၇ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ထီဆုအမျိုးအစားများ စတင်ပြုပြင်ပြောင်းလဲ ဖွင့်လှစ်သွားမည်
ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ ထီဆုငွေများကို အောင်ဘာလေ
ထီလက်မှတ် ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ဆုမဲအမျိုးအစားအလိုက် ခွဲခြား၍ လစဉ် ထီဖွင့်ပွဲများ
ကျင်းပဖွင့်လှစ်ပေးလျက်ရှိသည်။ လက်ရှိထီဆုငွေများအတွက် ဆုမဲခွဲဝေ ဖွင့်လှစ် သည့် ထီဆုမဲ အမျိုးအစားများကို သြဂုတ် ၁ ရက်တွင် ဖွင့်လှစ်မည့်
(၃၀၇) ကြိမ်မြောက် ထီဖွင့်ပွဲ တွင် စတင်ပြုပြင်ပြောင်းလဲ ဖွင့်လှစ်သွားမည်ဖြစ်သည်။
လက်ရှိမင်္ဂလာစုံတွဲ
ယူနစစ်ဆုများနှင့် ကျပ်သိန်း ၁၅၀၀ ကို အခြေပြု ဖွင့်လှစ်ပေးလျက်ရှိသည့် မိတ်သဟာ ပူးတွဲဆုများကို
ဖျက်သိမ်းပြီး ပဒေသာယူနစ်ဆုမဲစနစ်များအဖြစ် ပြောင်းလဲဖွင့်လှစ်ပေးမည်ဖြစ်သည်။ ကျပ်တစ်သိန်း
ပဒေသာယူနစ် ဆုမဲစနစ်တွင် ၁ ယူနစ်အတွက် ဂဏန်းလေးလုံးဖွင့်လှစ်ပေးမည်ဖြစ်သဖြင့် ယင်းရှေ့ဂဏန်းလေးလုံးနှု့်
မည်သည့်အက္ခရာမဆို အစဉ်လိုက်တူညီပါက ကျပ်တစ်သိန်း ဆုရရှိမည်ဖြစ်ပြီး ကျပ် ငါးသောင်း
ပဒေသာယူနစ်ဆုမဲစနစ်တွင် ၁ ယူနစ်အတွက် ဂဏန်းလေးလုံး ဖွင့်လှစ်ပေးမည်ဖြစ်၍ ယင်းရှေ့ဂဏန်း
လေးလုံးနှင့် မည်သည့်အက္ခရာမဆို အစဉ်လိုက် တူညီပါက ကျပ် ငါးသောင်းရရှိ မည်ဖြစ်သည်။
ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲသည် ၂၀၁၄ ခုနှစ် သြဂုတ် ၁ ရက်တွင်
ဖွင့်လှစ်မည့် (၃၀၇) ကြိမ်မြောက် ကျပ် ၂၀၀ တန် အောင်ဘာလေ ထီ ဖွင့်ပွဲမှစ၍ အထူးဆုကြီး
စနစ်ဖြင့် ကျပ်သိန်း ၁၅၀၀ ဆု တစ်ဆု၊ ကျပ်သိန်း ၁၀၀၀ ဆု တစ်ဆု၊ ကျပ်သိန်း ၅၀၀ ဆုတစ်ဆု၊
ကျပ်သိန်း ၃၀၀ ဆု သုံးဆု၊ ကျပ်သိန်း ၂၀၀ ဆု ငါးဆု၊ ဆုတစ်ဆုချင်းဆုမဲများအဖြစ် ကျပ်သိန်း
၁၀၀ ဆု ၁၃ ဆု၊ ကျပ်သိန်း ၅၀ ဆု ငါးဆု၊ ကျပ် ၂၅ သိန်းဆု ငါးဆု၊ ကျပ် ၁၀ သိန်းဆု ၂၀၀
ဆု၊ ကျပ် ငါးသိန်းဆု ၂၀ ဆု၊ ကျပ် သုံးသိန်းဆု ၁၂၁ ဆု၊ ကျပ် နှစ်သိန်းဆု ၄၅၈ ဆု၊ ကျပ်
တစ်သိန်း ပဒေသာယူနစ်ဆုမဲများအဖြစ် တစ်ယူနစ်လျှင် ဆုမဲ ၃၀၀၀ ဖြင့် ၄ ယူနစ်အတွက် ၁၂၀၀၀
ဆု၊ ကျပ် ငါးသောင်း ပဒေသာယူနစ်ဆုမဲများအဖြစ် တစ်ယူနစ်လျှင် ဆုမဲ ၃၀၀၀ ဖြင့် ၅ ယူနစ်အတွက်
၁၅၀၀၀ ဆု ဆုမဲစုစုပေါင်း ၂၇၈၃၃ ဆုဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ
သတင်းရရှိသည်။
No comments:
Post a Comment