ပြည်ပသို့ မိုဘိုင်းလ်ဖုန်း သယ်ဆောင် အသုံးပြုလိုသူများ အနေဖြင့် သုံးရက်ကြိုတင် လျှောက်ထားရမည်
မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်း၏ GSM နှင့် WCDMA ဖုန်းကိုင်ဆောင် အသုံးပြုသူများ
အနေဖြင့် ပြည်ပ သို့ သယ်ယူ အသုံးပြုနိုင်သည့် Outbound Roming
ဝန်ဆောင်မှုအတွက် သုံးရက်ကြိုတင် လျှောက်ထား ရမည် ဖြစ်ကြောင်း မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ မိုဘိုင်းလ်ဖုန်းများဖြင့်
ပြည်ပနိုင်ငံ ၃၁ နိုင်ငံသို့ သယ်ဆောင် အသုံးပြုခွင့်ကို ယမန်နေ့မှ
စတင်ခွင့်ပြုပေးခဲ့ပြီး Prepaid ဖုန်းနှင့် Postpaid ဖုန်းနှစ်မျိုး
စလုံးတွင် အသုံးပြု နိုင်ကြောင်း၊ ထို့အပြင် Prepaid ဖုန်းသုံးစွဲသူများ
အနေဖြင့် Top-Up ကတ်များကို မိမိ ဆန္ဒရှိသည့် အလျောက်ဖြည့်တင်းရန်
လိုအပ်ပြီး အဆိုပါ Top-Up ကတ်များ အသုံးပြု၍ ပြည်ပနိုင်ငံ၌ ရှိနေစဉ်
ကုန်သွားပါက Top-Up ကတ်ရရှိရန် စီစဉ်ဆောင်ရွက် ထားကြောင်း သိရသည်။
ထို့အပြင် Postpaid ဖုန်း အသုံးပြုသူများ
အနေဖြင့် နိုင်ငံတကာ လေဆိပ်ဝင်ထွက် ပေါက်များ ဖြစ်သည့် ရန်ကုန်၊
မန္တလေးနှင့် နေပြည်တော်ရှိ မြန်မာ့ ဆက်သွယ်ရေး၏ တယ်လီဖုန်း အခွန်ကောက်ခံရေး
ကောင် တာ များ၌ မိုဘိုင်းလ်ဖုန်း International Outbound Roming ဝန်ဆောင်မှု
အသုံးပြုရန်အတွက် ငွေကျပ် ငါးသိန်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း သုံးစွဲသူများကို ခေါ်ဆိုမည်ဆိုပါက ပုံမှန်ပြည်တွင်း၌ ကောက်ခံနေသည့် ခေါ်ဆိုနှုန်း ထားအတိုင်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖုန်းခေါ်ဆိုခ နှုန်းထားများကို
ဇုန်လေးခုအဖြစ် ခွဲခြားထားပြီး အာဆီယံ နိုင်ငံများမှ မြန် မာနိုင်ငံ သို့
ခေါ်ဆိုလျှင် တစ်မိနစ်လျှင် ငွေကျပ် ၃ဝဝဝ၊ တောင်အာရှတိုက်မှ ခေါ်ဆိုလျှင်
ငွေကျပ် ၃၅ဝဝ၊ အာရှ (အလယ်ပိုင်း)မှ ခေါ်ဆိုလျှင် ငွေကျပ် ၄၅ဝဝ၊ ဥရောပ၊
အာဖရိက၊ သြစတြေးလျနှင့် အမေရိက တိုက်မှ ခေါ်ဆိုလျှင် ငွေကျပ် ၅ဝဝဝ
နှုန်းကျသင့်မည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment