လောင်စာဆီနှင့် လျှပ်စစ်ဓာတ်အားဈေးနှုန်းတွေ မြှင့်လိုက်သည့် အီဂျစ်နိုင်ငံ
အီဂျစ်နိုင်ငံဟာ အသုံးစရိတ်ထက် ရရှိတဲ့ ဘဏ္ဍာငွေ နည်းပါးနေတာကို
ဖြေလျှော့နိုင်ဖို့ အတွက် လျှပ်စစ် နဲ့လောင်စာဆီ ဈေးနှုန်းတွေ တိုးမြှင့်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အီဂျစ်နိုင်ငံမှာ အချို့လောင်စာဆီ
ဈေးနှုန်းဟာ (၇၈)ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး လျှပ်စစ်
ဓာတ်အားခနှုန်းတွေ ကတော့ (၅)နှစ်တာအတွင်းမှာ (၂)ဆနီးပါးအထိ
မြင့်တက်လာနိုင်ခြေ ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ အီဂျစ်အစိုးရအနေနဲ့
လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ်ကို ထုတ်လုပ်မှု ကုန်ကျစရိတ်ထက်
တစ်ဝက်ပိုသက်သာတဲ့နှုန်းနဲ့ ရောင်းချနေတာဖြစ်ပါတယ်။
အစိုးရဟာ ၀င်ငွေထက် အသုံးစရိတ်များနေတဲ့
နိုင်ငံ့ဝန်ထုပ်ဝန်ပိုးကို လျှော့ချလိုတဲ့သဘောနဲ့ စွမ်းအင်ကဏ္ဍဘက်မှာ
ဈေးနှုန်းတိုးမြှင့်လိုက်တာဖြစ်ပေမယ့် လောင်စာနဲ့ လျှပ်စစ်ဈေးနှုန်း
မြင့်တက် လာမှုနဲ့အတူ အစားအစာနဲ့ ပို့ဆောင်ဆက်သွယ်ရေးစရိတ်တွေလည်း သိသာသာ
တိုးမြှင့်လာမှာကိုလည်း စဉ်းစားသင့်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
အခုလို ဈေးနှုန်းတွေ မြင့်တက်လာမှာကြောင့် အောက်ခြေလူတန်းစားတွေအတွက်
ဝန်ထုပ်ဝန်ပိုးဖြစ် မှာကို လျှော့ချပေးဖို့လည်း ရည်ရွယ်ထားတယ်လို့
သိရပါတယ်။ အီဂျစ်နိုင်ငံဟာ နိုင်ငံ အတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ
ဆက်တိုက်ဖြစ်နေခဲ့တာကြောင့် သမ္မတဟောင်း ““မိုဟာမက်မော်စီ”” လက်ထက်မှာ
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)မှ ချေးငွေ အမေရိကန်ဒေါ်လာ
(၄.၈)ဘီလျံနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာအကောင်အထည် မဖော်နိုင်ခဲ့တဲ့အပြင်
နောက်ထပ်အကြွေး (၁၂)ဘီလျံ တောင် ထပ်မံတင်ရှိနေခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment