Wednesday, July 23, 2014



ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ တင်းတင်းကျပ်ကျပ်ပြုလုပ်သွားရန် E.U နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေး

ဥရောပသမဂ္ဂမှ နိုင်ငံခြားရေးဝန်ကြီးများသည် အင်္ဂါနေ့က ဘရပ်စဲတွင် တွေ့ဆုံခဲ့ကြပြီး၊ ဗြိတိန်ဦးဆောင်သော နိုင်ငံများအဖွဲ့သည် အကယ်၍ရုရှားအနေဖြင့် မလေးရှား ခရီးသည်တင်လေယာဉ် ပစ်ချခံခဲ့ရပြီးနောက်မှာပင် ယူကရိန်း အရေးအခင်းအား အပြောင်းအလဲတစ်စုံတစ်ရာ ဆောင်ရွက်မှု မပြုပါက ပိုမိုတင်းကျပ်သော အရေးယူပိတ်ဆို့မှုအသစ်များ ပြုလုပ်သွားရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ဘိုးရင်း 777 ခရီးသည်တင်လေယာဉ်အား ယူကရိန်းနိုင်ငံရှိ မော်စကို ထောက်ခံသူ ခွဲထွက်ရေး သမားများက ရုရှားလုပ်ဒုံးကျည်ဖြင့်ပစ်ချခဲ့ပြီး၊ လေယာဉ်ပေါ်ရှိ လူ (၂၉၈) ဦးအား သေကြေစေ ခဲ့ကြောင်း ထင်ရှားသည့် သက်သေသာဓကများကို ကိုးကားပြီး ကီဗ်နှင့် ၀ါရှင်တန် တို့မှ အမှုကိုအခိုင်အမာ တည်ဆောက် ခဲ့သည်။ အစည်းအဝေးတွင် ရုရှနှင့်စီးပွားရေးဆက်သွယ်မှု အခိုင်အမာရှိသော နိုင်ငံများနှင့် အခြားနိုင်ငံတို့အကြား အရေးယူပိတ်ဆို့မှုနှင့်ပတ်သက်ပြီး သဘောကွဲလွဲမှုများရှိနေသော်လည်း ပိုမိုတင်းကျပ်သော  စီးပွားရေးပိတ်ဆို့ အရေးယူ မှုများများ မကြာမီပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။ 

No comments:

Post a Comment

back to top