Tuesday, July 22, 2014

ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အာဇာနည်နေ့ အထိမ်းအမှတ် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူ

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဇူလိုင်(၁၉) ရက်နေ့ နံနက်(၆) နာရီအချိန်က မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ (၆၇) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် အာရုဏ်ဆွမ်းကပ်လှူခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဗဟိုသံဃာ့ဝန်ဆောင် မြစိမ်းရောင်ဆရာတော်ကြီးအမှူးပြုသော ကျောင်းတိုက် (၁၁) ကျောင်းမှ ဆရာတော်များကို အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ အာရရုဏ်ဆွမ်းကပ်လှူဒါန်းပြီး သံဃာတော်တစ် ပါးလျှင် ၀ါဆိုသင်္ကန်းတစ်စုံ၊ ၀တ္ထုငွေ ကျပ်(၁၀၀၀၀)စီ ဆက်ကပ် လှူဒါန်းခဲ့သည်။ ဆက်လက်၍ ဗဟိုသံဃာ့ ၀န်ဆောင် ဆရာတော်ဘုရားကြီးမှ ရေစက်ချတရား ဟောကြားပြီး တက်ရောက်လာကြသော ပုဂ္ဂိုလ်များမှ သာဓု အနုမောဒနာခေါ်၍ ရေစက်သွန်းချအမျှဝေခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိ၊ မြို့ဖများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ မိတ်ဖက်ပါတီဝင်များ၊ မြို့နယ်နှင့် ရပ်ကျေးပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များ စုစုပေါင်း (၁၆၅) ဦးတက်ရောက်ကုသိုလ်ယူခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

back to top