Wednesday, July 23, 2014

အစ္စတန်ဘူ ချန်ပီယံ ၀ို့ဇ်နီယာစကီး ကမ္ဘာ့အဆင့်(၁၃)သို့ တက်ရောက် 


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အစ္စတန်ဘူတင်းနစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့လို့ ဒိန်းမတ်တင်းနစ်မယ် ကာရိုလင်းဝို့ဇ်နီယာစကီးဟာ ကမ္ဘာ့အဆင့်(၁၃)ကို ရောက်လာပါတယ်။ တနင်္လာနေ့က WTA အမျိုးသမီး တင်းနစ်အဖွဲ့ချုပ်က နောက်ဆုံး ထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာဝို့ဇ်နီယာစကီးက အဆင့်(၂)ဆင့် တက်လာတာ ဖြစ်ပါတယ်။သူဟာ အစ္စတန်ဘူ တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အီတလီတင်းနစ်မယ် ရိုဘာတာဗင်စီကို ၆း၁၊၆း၁နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ ဒါကြောင့် တစ်ချိန်က ကမ္ဘာ့နံပါတ်(၁)ဖြစ်ခဲ့တဲ့ ၀ို့ဇ်နီယာစကီးဟာ လွန်ခဲ့တဲ့ (၇)နှစ်ကစပြီးWTA ချန်ပီယံဆု နှစ်တိုင်းရယူနိုင်တဲ့ အစဉ်အလာကို ဒီနှစ်မှာလည်း ဆက်လက် ထိန်းသိမ်းနိုင်သွားပြီ ဖြစ်ပါတယ်။ သူဟာ(၂၀၀၈)ခုနှစ်နဲ့ (၂၀၀၉)ခုနှစ်တို့မှာ WTAချန်ပီယံဆု (၃)ခုစီရခဲ့ပြီး (၂၀၁၀)နဲ့(၂၀၁၁)ခုနှစ်တို့မှာ (၆)ခုစီ ရခဲ့ပါတယ်။ (၂၀၁၂)ခုနှစ်မှာ (၂)ခု၊(၂၀၁၃)ခုနှစ်မှာ (၁)ခုနဲ့ အခု(၂၀၁၄)ခုနှစ်မှာ (၁)ခုရထားပါတယ်။

No comments:

Post a Comment

back to top