Tuesday, July 22, 2014

တရုတ်နိုင်ငံတောင်ပိုင်း ကျွန်းသို့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ၀င်ရောက်
ဖိလစ်ပိုင်နိုင်ငံတွင် လူပေါင်း (၄၅) ဦးအား သေကြေစေခဲ့သည့် အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းသည် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းသို့ သောကြာနေ့က ၀င်ရောက်တိုက်ခတ်ခဲ့သည်။ ဒေသစံတော်ချိန် ၃ နာရီခွဲခန့်က ဟောင်ကောင်၏ အနောက်တောင်ဖက်ရှိကျွန်းသို့ ၀င်ရောက်လာခဲ့သော Rammasun တိုင်ဖွန်းမုန်တိုင်းကြောင့် ကြီးကြီးမားမားထိခိုက်မှုအခြေအနေများ ရုတ်တရက်မသိရှိရသေးကြောင်း ဒေသခံ သတင်းဝက်ဘ်ဆိုဒ် Hainan Net မှ ၄င်း၏ microblog တွင် ဖော်ပြခဲ့သည်။
အဆိုပါကျွန်းသို့မ၀င်ရောက်မီ တိုင်ဖွန်းမုန်တိုင်း၏ ပြင်းအားမှာ တစ်နာရီ ၂၁၆ ကီလိုမီတာခန့် (တစ်နာရီ မိုင် ၁၃၀) ရှိကြောင်း ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ Rammasun မုန်တိုင်းသည် ၁၉၇၃ ခုနှစ်မှစ၍ အနည်းဆုံး ၉ နှစ်တာကာလအတွင်း အင်အားအပြင်းထန်ဆုံးမုန်တိုင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

No comments:

Post a Comment

back to top