Tuesday, July 22, 2014


MH17 လေယာဉ်ပျက်ကျမှုတွင် ရှရှားပါဝင်ပတ်သက်ကြောင်း သက်သေအထောက်အထားများရှိကြောင်း ဂျွန်ကယ်ရီ ပြောကြား

လွန်ခဲ့သောသီတင်းပတ်က လူ (၃၀၀) နီးပါးသေဆုံးခဲ့ရသည့် မလေးရှားလေကြောင်းလိုင်း MH17 ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုတွင် အသုံးပြုခဲ့သည့် လက်နက်များသည် ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခွဲထွက်ရေးသမားများအား ရုရှားမှ အကူအညီပေးခဲ့သည့် သက်သေအထောက်အထား အများ အပြားအား တွေ့ရှိရသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တနင်္ဂနွေနေ့တွင် ပြောကြား ခဲ့သည်။
လွန်ခဲ့သော သီတင်းပတ်အနည်းငယ်ခန့်က ရုရှားနိုင်ငံမှလာသော တင့်ကားများ၊ အမြောက်များ၊ ဒုံးကျည်အမျိုးမျိုးပစ်စင်များ၊ သံချပ်ကာကားများပါဝင်သည့် ယာဉ် (၁၅၀) စီးခန့်ပါဝင်သော ယာဉ်တန်းတစ်ခုအား ခွဲထွက်ရေးသမားများထံလွှဲပြောင်းပေးခဲ့သည်ကို တွေ့ရကြောင်း၊ တစ်ဖန် လေယာဉ် ပစ်ချမခံရမီ ကပင် SA-11 မြေပြင်မှဝေဟင်ပစ် ဒုံးပစ်စင်မှာ လေယာဉ်ပျက်ကျရာ အနီးပတ်ဝန်းကျင် တွင် တွေ့ရှိရကြောင်း၊ ခွဲထွက်ရေး သမားများက လူမှုကွန်ယက်များတွင် လေယာဉ် အားပစ်ချခဲ့ခြင်းနှင့် ပတ်သက်သည့် ကြွားဝါပြောဆိုရေးသားမှုများ သက်သေအဖြစ်တွေ့ရှိထားကြောင်းနှင့် SA-11 ဒုံးကျည် စနစ်မှာ ယခုအခါ ယူကရိန်းအရှေ့ပိုင်းတွင် မရှိတော့ပဲ ရုရှားသို့ ပြန်လည်ရောက်နေသည့် ဗွီဒီယို အထောက်အထားရှိကြောင်းစသည်ဖြင့် လေယာဉ်ပစ်ချခံရမှုတွင် ရုရှား၏အပြစ်မကင်း ကြောင်း အတိအလင်းပြောကြားသွားခဲ့သည်။

No comments:

Post a Comment

back to top