Tuesday, July 22, 2014



ယူကရိန်းပဋိပက္ခ တဖြည်းဖြည်း ကြီးထွားလာသလို ရေနံဈေး (၁၀၄) ဒေါ်လာနီးနီးတက်လာ

(AP) ယူကရိန်းနိုင်ငံတွင် အကျပ်အတည်းများပိုမိုကျရောက်လာခြင်းကြောင့် သောကြာနေ့က ရေနံဈေးများ ရုတ်တရက် ခုန်တက်သွားကာ ရေနံတစ်စည်လျှင် (၁၀၄) ဒေါ်လာနီးနီးထိရောက်ရှိသွားခဲ့ပြီးနှင့် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ သည် ကမ္ဘာ့ရေနံထုတ်လုပ်ရောင်းချမှုအား အနှောင့်အယှက်ပြုနိုင် သည်ဟု သိရသည်။ အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံ၏ အကြီးဆုံးရေနံချက်စက်ရုံကြီး Rosneft အပါအ၀င် ရုရှားစွမ်းအင်ကုမ္ပဏီများအား ဗုဒ္ဓဟူးနေ့က အရေးယူပိတ်ဆို့မှုအသစ် များချမှတ် လိုက်ကြောင်း ကြေညာခဲ့သည်။
အဆိုပါအရေးယူ ပိတ်ဆို့မှုကြောင့် အနာဂတ်ရေနံတူးဖေါ်ရေးနှင့် ထုတ်လုပ်မှု ကိုင့်နှေးနိုင်ကြောင်း လေ့ လာသူများကဆိုသည်။ တစ်ဖန် ယူကရိန်းနိုင်ငံတွင် မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် ထိခိုက်ပျက်စီးမှုသည် ယူကရိန်းနှင့် ရုရှားတို့အကြား ပဋိပက္ခကိုပိုမိုကြီးထွားလာစေပြီး၊ ရုရှအပေါ် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ယခုထက်ပိုမိုပြုလုပ်လာစေသည်။ ဂါဇာကမ်းမြောင် စစ်ပွဲများမှာလည်း တဖြည်းဖြည်းအရှိန်ရလာနေသည့်အတွက် ကမ္ဘာ့အရေးအကြီးဆုံးရေနံ ထုတ်လုပ်ရာဒေသဖြစ်သည့် အရှေ့အလယ်ပိုင်း ဒေသတွင် မတည်ငြိမ်မှုများပိုမိုဖြစ်ပွားစေမည်ဖြစ်ဟု

No comments:

Post a Comment

back to top