Monday, July 21, 2014

ရေသူမလေးအဖြစ်သရုပ်ဆောင်မယ့် တောင်ကိုရီးယား မင်းသမီး Cho Bo Ah 

တောင်ကိုရီးယားမင်းသမီး Cho Bo Ah ဟာ The Mermaid အမည်ရှိ ဇာတ်ကားမှာပါဝင် သရုပ်ဆောင်မယ်လို့ သိရပါတယ်။ Cho ဟာ ဇာတ်ကောင် Ha Ni လို့ အမည်ရတဲ့ ရေသူမလေး တစ်ယောက် ဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာ ဒါရိုက်တာ Baek Seung Ryong က ဇာတ်လမ်းကို ပုံဖော် ရိုက်ကူးမှာ ဖြစ်ပြီး ရေသူမလေးနဲ့ လူသား ကောင်လေး တစ်ယောက်တို့ရဲ့ အချစ် ဇာတ် လမ်း လေးပဲ ဖြစ်ပါတယ်။
The Mermaid ဇာတ်ကားမှာတော့ မင်းသားတွေဖြစ်တဲ့ On Joo Wan နဲ့ Song Jae Rim တို့က ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ သြဂုတ် ၇ ရက်က စတင်ပြီး tvN ရုပ်သံကနေ ထုတ်လွှင့် ပြသမယ်လို့ သိရပါတယ်။ အဲဒီဇာတ်လမ်းလေးဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်ကားကောင်းလေး အဖြစ် ပရိသတ်တွေ ကြိုက်နှစ်သက် ကြဦးမှာပါ။ ။

 

No comments:

Post a Comment

back to top