Wednesday, July 23, 2014


အင်ဒိုနီးရှားနိုင်ငံသမ္မတရွေးကောက်ပွဲတွင် စုစုပေါင်းမဲအရေအတွက် ၅၃% ဖြင့် Widodo အနိုင်ရရှိ
အရှေ့တောင်အာရှတိုင်းပြည်တစ်ခုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ဇူလှိုင်လ (၉) ရက်နေ့က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် ဂျာကာတာအုပ်ချုပ်ရေးမှူး Joko Widodo သည် စုစုပေါင်းမဲအရေအတွက် ၅၃% ကျော်ဖြင့်အနိုင်ရရှိခဲ့ကာ အင်္ဂါနေ့ညနေပိုင်းအချိန်တွင် တရားဝင်ထုတ်ပြန်ကြေညာမည်ဟု ခန့်မှန်းရသည်။ စုစုပေါင်းမဲအရေအတွက် (၁၃၃) သန်းကျော်အား ရေတွက်ခဲ့ရာ မစ္စတာ Widodo သည် မဲအားလုံး၏ ၅၃.၁၅% ရရှိခဲ့ပြီး၊ စစ်ဗိုလ်ချုပ်ဟောင်း  Prabowo Subianto မှာ ၄၆.၈၅% သာရရှိပြီး ၄င်းတို့နှစ်ဦးကြားတွင် မဲအရေအတွက် (၈.၅) သန်းခန့်ကွာလျှက်ရှိကြောင်း အမျိုးသားရွေးကောက် ပွဲကော်မရှင်မှ ဖော်ပြခဲ့သည်ဟု ပြည်တွင်းသတင်းဌာနများက ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top