Wednesday, July 23, 2014

X-Fighters ဆိုင်ကယ်စီးပြိုင်ပွဲမှာ ဂျို့ရှ်ရှီဟန်း ဗိုလ်စွဲ

ရက်ဘူးအားဖြည့် အချိုရည် ကုမ္ပဏီက ကြီးမှူးကျင်းပတဲ့X-Fighters ဆိုင်ကယ်စီးပြိုင်ပွဲကို ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပပါတယ်။မြူးနစ်မြို့ အိုလံပစ် အားကစားကွင်းနားက ရေကန်ထဲမှာ ပေါလောမျှောနေတဲ့ ဆိုင်ကယ်ပြေးလမ်းတွေလုပ်ပြီး အဲဒီပေါ်မှာ ဆိုင်ကယ်စီးစွမ်းရည် ပြရတဲ့ပြိုင်ပွဲ ဖြစ်ပါတယ်။ ပရိသတ်(၁၈၀၀၀)ကြည့်ရှု အားပေးကြပြီး ပထမဆုကိုတော့ သြစတြေးလျနိုင်ငံသား ဂျို့ရှ်ရှီဟန်းက ဆိုင်ကယ်နဲ့ နှစ်ပတ်ကျွမ်း (၃)ကြိမ်လည်ပြပြီး ပထမဆု ရသွားပါတယ်။ ဒုတိယဆုကိုတော့ ဂျပန်နိုင်ငံသား တာကာဟီဂါရှီနိုကရပြီး တတိယဆုကို နယူးဇီလန်နိုင်ငံသား လီဗီရှားဝုဒ်က ရပါတယ်။ ဒီပြိုင်ပွဲအပါအ၀င် World Tour ပွဲစဉ်(၄)ပွဲ ကျင်းပပြီး ဖြစ်ပါတယ်။ လက်ရှိ အမှတ်ရရှိမှုမှာ လီဗီရှားဝုဒ်က (၂၆၅)မှတ်နဲ့ ဦးဆောင်နေပါတယ်။ ဂျို့ရှ်ရှီဟန်းက (၂၆၀)မှတ်နဲ့ ကပ်လိုက်နေ ပါတယ်။ နောက်ဆုံးပွဲစဉ်ကို တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့ မှာ သြဂုတ်(၂၃)ရက်မှာ ကျင်းပပါမယ်။

No comments:

Post a Comment

back to top