Wednesday, July 23, 2014

အင်္ဂလန် အသင်းကနေ ဂျရတ် အနားယူ


အင်္ဂလန် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်ဟာ လက်ရွေးစင် ကစားသမားဘ၀က အနာယူးတော့မယ်လို့ အက်ဖ်အေက တနင်္လာနေ့မှာ အတည်ပြု ကြေငြာလိုက်ပါတယ်။

အင်္ဂလန်အသင်းအတွက် (၁၁၄)ပွဲကစားခဲ့ပြီး အခုအခါ အသက် (၃၄)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂျရတ်ဟာ လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာ ပြိုင်ပွဲကြီး (၆)ခု ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အောင်မြင်မှု မရရခဲ့ပါဘူး။ အဲ့ဒီပြိုင်ပွဲတွေထဲ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကတော့ သူ့အတွက်ရော အင်္ဂလန်အသင်း အတွက်ပါ စိတ်ပျက်စရာ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ဂျရတ်ရဲ့ ပထမဆုံး နိုင်ငံတကာ ပွဲဦးထွက်ကတော့ ၂၀၀၀ခုနှစ်က ၀င်ဘလေကွင်းမှာ ကစားခဲ့တဲ့ အင်္ဂလန်နဲ့ ယူကရိန်းတို့ပွဲဖြစ်ပြီး အင်္ဂလန်အသင်းသမိုင်းမှာ တတိယပွဲအများဆုံး ကစားထားတာ ဖြစ်လာပါတယ်။ လက်ရွေးစင်အသင်းက အနားယူသွားပေမယ့် အက်ဖ်အေရဲ့ သံတမန်တာဝန်ကို သူဆက်ယူ ပေးသွားမယ်လို့ သိရပါတယ်။ ဂျရတ်က’’ပထမဆုံး ကျွန်တော့် လက်ရွေးစင် ကစားသမားဘ၀တစ်လျှောက် ကူညီပေးတဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်။ အင်္ဂလန်အသင်း ၀တ်စုံကို နောက်တစ်ကြိမ် ထပ်ဝတ်ခွင့် မရှိတော့ဘူးလို့ သိလိုက်ရတဲ့ အချိန်ဟာ စိတ်မကောင်းစရာ နေ့တစ်နေ့ပါပဲ။ နိုင်ငံအတွက် ကိုယ်စားပြု ကစားပေးခဲ့တဲ့ မိနစ်တိုင်းဟာ ပျော်စရာကောင်းတဲ့ အချိန်တွေ ဖြစ်ခဲ့ပါတယ်။ လက်ရွေးစင် ကစားသမားဘ၀မှာ အတူတွဲလုပ်ခဲ့တဲ့ နည်းပြကအစ အက်ဖ်အေ၀န်ထမ်းတွေကအဆုံး အားလုံး တကယ်ကျေးဇူးတင်ပါတယ်။ တွဲကစားခွင့်ရခဲ့တဲ့ ကစားဖော်တွေနဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်’’လို့ ပြောပါတယ်။ သတင်းတွေအရ ဂျရတ်ရဲ့ အင်္ဂလန်အသင်းခေါင်းဆောင် တာဝန်ကို တိုက်စစ်မှူး ရွန်းနေး ဆက်လက် ယူရဖွယ်ရှိတယ်လို့ သိရပါတယ်။

No comments:

Post a Comment

back to top