Thursday, July 3, 2014


တရုတ်သမ္မတ တောင်ကိုရီးယားသွားရန် ပြင်ဆင်နေချိန် မြောက်ကိုရီးယားက ဒုံးကျည်များ အဆက်မပြတ်စမ်းသပ်

မြောက်ကိုရီးယား နိုင်ငံမှ မကြာသေးမီက ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ် လာရာ နောက် ဆုံးစမ်းသပ်မှုအဖြစ် တာတိုပစ်ဒုံးကျည်နှစ်လုံးမက ပင်လယ်အတွင်း စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း၊ ယင်းဒုံးကျည်များကို အရှေ့ဘက် ကမ်းရိုးတန်းမှ ပစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကွာအဝေးမိုင် ၁၁၀ ကွာဝေးသော ရေပြင်အတွင်း ပစ်ခတ်စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက် သတင်းရပ်ကွက် က ပြောကြားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တောင်ကိုရီးယားနိုင်ငံသို့သွားရောက် လည်ပတ်ရန် ပြင်ဆင်နေ ချိန် မြောက်ကိုရီးယား၏ ဒုံးပျံစမ်းသပ်မှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။ ဂျပန်က ပြုံယမ်းကို ယင်းကဲ့သို့ စမ်းသပ်မှုများ ရပ်တန့်ရန် တိုက်တွန်းလိုက်ပြီး တစ်ရပ်အကြာ ၎င်းစမ်းသပ်မှု ပေါ်ထွက် လာခြင်းဖြစ်သည်။ မြောက်ကိုရီးယားက ရန်လိုတိုက်ခိုက်မှုများ အဆုံးသတ်ရန် ကမ်းလှမ်းခဲ့ခြင်းအပေါ် ဆိုးလ်က ငြင်းဆိုခဲ့သည်။
အဆိုပါ ဒုံးကျည်နှစ်လုံးကို အင်္ဂါနေ့တွင် ၀မ်ဆန်မြို့ အရှေ့ပိုင်းအနီးမှ စမ်းသပ်ပစ်လွှတ် ခဲ့သည်။ မြောက် ကိုရီးယားနိုင်ငံသည် အလားတူ ဇွန် ၂၆ ရက်နှင့် ၂၉ ရက်များတွင်လည်း စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

No comments:

Post a Comment

back to top