ဘီကီနီ မ၀တ်ရဲလို့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲ ၀င်မပြိုင်တာဆိုတဲ့ သန္တာဗို
နိုင်ငံတကာ
အလှမယ် ရွေးချယ်ပွဲများ ၀င်ရောက် ယှဉ်ပြိုင်ရန် စိတ်ဝင်စားသော်လည်း ဘီကီနီ
မ၀တ်ရဲသောကြောင့် ၀င်ပြိုင်ဖြစ်မည်မဟုတ်ကြောင်း သန္တာဗိုက ပြောသည်။ ‘‘နိုင်ငံတကာ အလှမယ် ပြိုင်ပွဲတွေမှာဝင်ပြီး ပြိုင်ချင် တယ်။
သူများတွေကိုကြည့်ပြီး တော့ အားလည်း ကျတယ်။ Miss Universe ဆိုလည်း
အရမ်းပြိုင် ချင်တယ်။ တစ်ခုပဲ Two Piece မ၀တ်ရဲလို့’’ဟု ၎င်းကပြော သည်။
လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် မော်ဒယ်ရှိုး များ
လျှောက်ဖြစ်သကဲ့သို့ တစ်ကိုယ်တော်ခွေ ‘နားလည်ပေးပါ ကို’ တေးစီးရီး
အမ်တီဗီရိုက် ကူးနေကြောင်း သန္တာဗိုက ပြောသည်။ ‘‘အမ်တီဗီက တစ်ဝက် လောက်တော့ပြီးပြီ။ အောက်တို ဘာလောက်မှာ
ထွက်နိုင်အောင် တော့ ကြိုးစားနေ တယ်။ လော လောဆယ်မိုးတွေ အရမ်းရွာနေ တော့
ရိုက်လို့ အဆင်မပြေဘူး ဖြစ်နေတယ်’’ ဟု ၎င်းကပြော သည်။ အမ်တီဗီတွင် ကိုယ်တိုင်
သရုပ်ဆောင်ထားသည့် သီချင်း အများစုပါဝင်မည်ဖြစ်ပြီး ပရိ သတ်အားပေးမှု
ရရှိခဲ့သော ‘‘နား လည်ပေးပါကို’’သီချင်းတွင် ထွန်း ကိုကို၊
မယ်လိုဒီတို့နှင့် ရိုက်ကူး ထားသည်ဟုဆိုသည်။ ‘‘ကိုစိုင်းနဲ့ ၀တ်မှုံရွှေရည် ကိုလည်း ရိုက်ပေးဖို့ ချိတ်ထား တယ်။ သီချင်းတော့ မတူဘူး။ တစ်ပုဒ်စီပါ’’ ဟု သန္တာဗိုက ပြော သည်။

No comments:
Post a Comment