Air KBZ လေကြောင်းလိုင်း ရန်ကုန်-မဲဆောက်-ရန်ကုန် ခရီး စဉ် အောက်တိုဘာတွင် စတင်ပျံသန်းမည်
Air
KBZလေကြောင်းလိုင်း၏ ရန်ကုန်-မဲဆောက်-ရန်ကုန်ခရီးစဉ်အား လာမည့်အောက်တိုဘာလတွင် စတင် ပျံသန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။ Air KBZ လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံအခြေစိုက်
Nok Air လေကြောင်းလိုင်းနှင့် အကျိုးတူပူးပေါင်း၍ ရန်ကုန်-မဲဆောက်-ရန်ကုန် ခရီးစဉ်အား
ပျံသန်း မည်ဖြစ်သည်။
Air
KBZလေကြောင်းလိုင်းသည် ATR 72-600 လေယာဉ်နှစ်စီး၊ ATR 72-500 လေယာဉ်လေးစီး စုစုပေါင်း လေယာဉ် ခြောက်စီးဖြင့်
ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ မြိတ်၊ ထားဝယ်၊
ကော့သောင်း၊ ကလေး၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၊ သံတွဲ၊ စစ် တွေမြို့ ခရီးစဉ်များ ပျံသန်း လျက်ရှိကြောင်း သိရသည်။ Air KBZ လေကြောင်းလိုင်း၏ ခုနစ် စင်းမြောက်လေယာဉ်သစ်ဖြစ် သည့် ATR 72-500 လေယာဉ် သည် ဇူလိုင်လတွင် ရန်ကုန်မြို့သို့
ရောက်ရှိမည်ဖြစ်သည်။
အဆိုပါ
ATR 72-500 အမျိုးအစား လေယာဉ်မှာ ပြင်သစ်နိုင်ငံ
ATR Company မှ အသစ်ထပ်မံ ဝယ်ယူ ခဲ့ခြင်းဖြစ်ပြီး
Air KBZ လေကြောင်းလိုင်း စတင်တည်ထောင် ပျံသန်းခဲ့သည့် ၂ဝ၁၁ ဧပြီမှ ယခု သုံးနှစ် ကျော်ကာလအတွင်း ခုနစ်စင်းမြောက် ဝယ်ယူသည့်လေယာဉ်ဖြစ်ကြောင်း သိရသည်။ Air KBZ လေကြောင်းလိုင်း၏
ခြောက် စင်းမြောက်ဝယ်ယူသည့် ATR 72-600 လေယာဉ်သည်
ဇွန် ၂၂ ရက် က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment