ဟာသဇာတ်ရုပ်အတွက် စိုးရိမ်တဲ့ ကောင်းပြည့်
ဇာတ်ကားရိုက်ကူးမှုများ
တွင် ဇာတ်ရုပ်မျိုးစုံ သရုပ်ဆောင် ခဲ့သော်လည်း ဟာသဇာတ်ရုပ်အ တွက်
သရုပ်ဆောင်ရန်ကိုမူ စိုးရိမ် မှုရှိကြောင်း ကောင်းပြည့်က ပြောသည်။
‘‘ဟာသကားတော့ မရိုက် ဖူးသေးဘူး။ ဟာသကားရိုက်ရင် တော့ ကျွန်တော့်အတွက် ခက်ခဲ မှုရှိမယ် ထင်တယ်။ အပြင်မှာသာ စနောက်တတ်ပေမယ့် ဇာတ် လမ်းထဲမှာကျတော့ ဟာသပုံစံ မြောက်အောင် လုပ်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ရှိတယ်’’ ဟု ၎င်း က ပြောသည်။လတ်တလောတွင် စိန်ဌေး၊ မဟာထွန်း၊ ခရေဖြူစသည့်တိုက်များနှင့် ရိုက်ကူးဖြစ်ပြီး ရိုက် လိုသည့် ဇာတ်ရုပ်ကို တိုက်နှင့် တိုင်ပင်သကဲ့သို့ ဇာတ် လမ်းကို လည်း သေချာရွေးချယ်၍ ရိုက်ကူးဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘ဇာတ်ကားတွေမှာ လုပ် ကွက်ရတယ်ဆိုတာထက် ပရိ သတ်က ဇာတ်ကားကိုကြည့်ပြီး ရင်ထဲစွဲအောင် လုပ်ဖို့က အရေး ကြီးမယ်လို့ ထင်တယ်။ အဲဒါ ကြောင့် ဇာတ်လမ်းကို သေသေ ချာချာ ရွေးပြီး ရိုက်ဖြစ်တာများ တယ်’’ ဟု ၎င်းက ပြောသည်။ ဂီတဘက်တွင် လှုပ်ရှားရန် အစီအစဉ်မရှိသော်လည်း ပရိ သတ်များ၏ တောင်းဆိုမှုကြောင့် နယ်ဖျော်ဖြေပွဲများတွင်မူ သွား ရောက်ဖျော်ဖြေဖြစ်ကြောင်း ၎င်း က ဆိုသည်။

No comments:
Post a Comment