Tuesday, July 1, 2014

ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် ဦးစီးရုံးအဖွဲ့ဝင် မိသားစု သား/သမီး ကျောင်း သား၊ ကျောင်းသူများ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပညာသင် စရိတ် ထောက် ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား

 

 







နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ခန်းမ ဆောင်တွင် ယနေ့ ဇူလိုင်(၁) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီ အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဦးစီးရုံးအဖွဲ့ဝင် များ၏ သား/ သမီး ကျောင်းသား၊ ကျောင်းသူများကို ၂၀၁၄-၂၀၁၅ ပညာသင် နှစ်၊ ပညာသင်စရိတ် ထောက်ပံ့ကြေးထုတ်ပေးခြင်း အခမ်းအနားကို ကျင်းပ ခဲ့သည်။
အဆိုပါအခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်၊ ပါတီဌာနချုပ်မှူး ဦးအောင်နိုင်ထွန်းနှင့် ဌာနမှူများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းမှ အမှာ စကားပြောကြားရာတွင် ဦးစီးရုံးအဖွဲ့ဝင် မိသားစုများ ကျောင်းသား၊ ကျောင်းသူများ ကို ထောက် ပံ့ငွေပေးခဲ့တာ ယခင် ပြည်ခိုင်ဖြိုးအသင်းဘ၀ (၂၀၀၂-၂၀၀၃) ပညာ သင်နှစ်မှစတင်၍ ပေးအပ် ခဲ့ကြောင်း အသင်းဘ၀တွင် (၈)နှစ် ဆက်တိုက် ထောက်ပံ့ကြေးများ ပေးအပ် ခဲ့ပြီး ယခုပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီးနောက် (၂၀၁၁-၂၀၁၂) ပညာသင် နှစ်မှစ၍ ယခု (၂၀၁၄-၂၀၁၅) ပညာသင်နှစ်အထိ နှစ်စဉ် ပညာသင်စရိတ်များ ထောက်ပံ့ပေးလျက်ရှိပါကြောင်း ဒါ့ကြောင့် မိမိတို့ပါတီဌာနချုပ် ဦးစီးရုံး အဖွဲ့ဝင် များအဖြစ် တာဝန်ထမ်းဆောင်ကြတဲ့နေရာမှာ စိတ်အေးချမ်းသာစွာနှင့် ပေးအပ် တဲ့တာဝန်နှင့် ကျရာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုပါကြောင်း မိမိတို့ သား/ သမီး ကျောင်းသား၊ ကျောင်း သူ များကိုလည်း ထူးချွန်ထက်မြက် တဲ့ပညာတက်များဖြစ်အောင် ပြုစုပျိုးထောင် ပညာသင်ကြားပေးစေ လို ပါကြောင်း စသည်တို့ကို အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်တို့မှ ပညာသင်စရိတ်ထောက်ပံ့ငွေများကို ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများ၏ မိဘ တစ်ဦးချင်းစီက လက်ခံ ရယူခဲ့ပြီး ထောက်ပံ့ငွေ ပေးအပ်ပွဲ ရုပ်သိမ်းခဲ့ပါသည်။
ယနေ့(၂၀၁၄-၂၀၁၅) ပညာသင်နှစ် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ရာတွင် ဦးစီးရုံးအဖွဲ့ဝင် မိသားစု သား/သမီး၊ ကျောင်းသား၊ ကျောင်းသူများမှာ မူလတ်းအဆင့်(၄၁) ဦး၊ အလယ်တန်း အဆင့် (၄၈) ဦး၊ အထက်တန်း အဆင့်(၂၁) ဦး တက္ကသိုလ်အဆင့်(၁၈) ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ(၁၂၈) ဦး အတွက် ပညာသင်စရိတ် ထောက်ပံ့ကြေးငွေ သိန်း(၆၀) ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သတင်းရ ရှိပါသည်။

No comments:

Post a Comment

back to top