Tuesday, July 22, 2014

မြန်မာ သင်္ဘောသားများ အလုပ်အကိုင် ရရှိရန် ဆောင်ရွက်မည်

မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF) အနေဖြင့် ပြည်တွင်းရှိ သင်္ဘောသားများ အလုပ်အကိုင် ပိုမိုရရှိလာစေရန် အတွက် သင်္ဘောလုပ်ငန်းရှင် များနှင့် ကုမ္ပဏီများ ဆက်သွယ် ချိတ်ဆက်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း MSF ဥက္ကဋ္ဌ ကပ္ပတိန် ဒေါက်တာ တင်လှိုင်က ပြောကြားသည်။
ယင်းအတွက် ILO က ရေးဆွဲအတည်ပြု ပြဋ္ဌာန်းထားသော ၂ဝဝ၆ 2006 ILO Convention အရ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ အစိုးရဌာနတို့ ညှိနှိုင်း ရေးဆွဲထားသော သင်္ဘောသားများ၏ ရပိုင်ခွင့်နှင့် တာဝန်များ သဘောတူညီချက် (Collective Bargaing Agreement) ကို ကုမ္ပဏီများနှင့် လက်မှတ် ရေးထိုးနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

''ဒီသဘော တူညီချက်မှာ သင်္ဘောသားတွေရဲ့ သင်္ဘောပေါ်မှာ ရပိုင်ခွင့်တွေ အဓိက ပါပြီးတော့ နှစ်ဦးနှစ်ဖက် လိုက်နာရမယ့် တာဝန်တွေ ပါတယ်။ အဲဒီသဘော တူညီချက်ကို ကုမ္ပဏီတွေနဲ့ လက်မှတ် ရေးထိုးမှု မကြာမီ ဆောင်ရွက်နိုင်မှာပါ။ လက်ရှိမှာတော့ ကုမ္ပဏီ တွေနဲ့ ချိတ်ဆက် အသိပေး ထားပါတယ်။ ကုမ္ပဏီ တစ်ထောင်လောက်နှင့် ဆက်သွယ် ထားပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားသည်။
သဘော တူညီချက်ကို MSF အဖွဲ့အနေဖြင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ လပိုင်းက သင်္ဘော ကုမ္ပဏီ သုံးခုဖြင့် သဘောတူ လက်မှတ် ရေးထိုးထားကြောင်း သိရသည်။ MSF အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း အတွက် ယင်းသို့ ဆောင်ရွက်ပြီး တစ်ဖက်တွင်လည်း လုပ်ငန်း တာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်ရန် အတွက် သင်္ဘောသား သင်တန်းများ အဆက် မပြတ် ပို့ချပေးနေကြောင်း သိရသည်။
ref.myawady

No comments:

Post a Comment

back to top