မလေးရှားနိုင်ငံ၏ ၂၀၁၅ ခုနှစ် အာဆီယံဥက္ကဌအတွက် Offical Theme Song ရွေးချယ်နိုင်ရေး သီချင်းရေး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ထား
မလေးရှားနိုင်ငံက
၂၀၁၅ ခုနှစ်တွင် အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်စဉ် အသုံးပြုရန် Offical Theme Song For
Malaysia's Chairmanchip 2015 သီချင်းရေးပြိုင်ပွဲကို မလေးရှားနိုင်ငံ၌ ဇူလိုင် ၄ ရက်မှ
သြဂုတ် ၃၁ ရက် ရက်အထိ ရွေးချယ်ကျင်းပလျက်ရှိသဖြင့် ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း
မလေးရှား နိုင်ငံခြားရေး ၀န်ကြီး ဌာနက ဖိတ်ခေါ်ထားကြောင်း သိရသည်။
ပြိုင်ပွဲသို့
ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအနေဖြင့် " ပြည်သူဗဟိုပြု အာဆီယံ "
နှင့်အညီ အာဆီယံ၏ ထူးခြားချက် အမြင်နှင့် အတွေ့အကြုံများအား ထင်ဟပ်စေမည့် သီချင်းစာသားများ
ရေးသားပေးပို့နိုင်ကြ ကြောင်း၊ ပြိုင်ပွဲဝင်ပုံစံနှင့် စည်းကမ်းချက်များကို
http:/www.kln.gov.my/aseansong 2015 တွင် ၀င်ရောက် ရယူနိုင်ကြောင်းနှင့် အဆိုပါ ဖြည့်စွက်ပြီး
ဝင်ခွင့်ပုံစံ၊ သီချင်းစာသား၊ သီချင်းရေးဖွဲ့သူနှင့် song demo တို့ကို aseanthemesong@gmail.com သို့ ဆက်လက်ပေးပိုပရမည်ဖြစ်ကြောင်း၊
Offical Theme Song အဖြစ် ရွေးချယ်ခံရသူအား ဆုငွေ မလေးရှားရင်းဂစ် ၂၀၀၀၀ ချီးမြှင့်သွားမည်ဖြစ်ပြီး
ဒုတိယဆု ရရှိသူ လေးဦးအား မလေးရှားရင်းဂစ် ၂၅၀၀ စီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment