တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့လေ့လာရေးခရီးသွားရောက်သည့် ပြည်ခိုင်ဖြိုးပါတီဝင် ၂၅ ဦး ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ
တရုတ်ကွန်မြူနစ်ပါတီ၏
ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့လေ့လာရေးခရီးသွားရောက်သည့် ပြည်ထောင်စုကြံ့ခိုင်
ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၂၅ ဦးသည် ယခုလ ၁၈ ရက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
တိုင်းဒေသကြီးနှင့်
ပြည်နယ်အသီးသီးရှိပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ် ၂၅ ဦးသည် ယခုလ ၉ ရက်က စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး
လေ့လာရေးခရီးစဉ်မှာ ၁၀ ရက်ကြာမြင့်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၂၅ ဦးတို့သည် တရုတ်ပြည်ရှိ နန်ကင်းမြို့၊ ဘီဟိုင်းမြို့၊
ပေကျင်းမြို့နှင့် တန်ကျင်းမြို့ လေးမြို့ကို လေ့လာခဲ့ကြောင်း သိရသည်။
No comments:
Post a Comment