Tuesday, July 1, 2014

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ဂျပန်နိုင်ငံ Liberal Democratic Party မှ (အောက်လွှတ်တော် အမတ်ဟောင်း) H.E. Mr. Makoto Koga နှင့် အဖွဲ့ လာရောက်တွေ့ဆုံ

 











ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ဂျပန်နိုင်ငံ Liberal Democratic Party မှ (အောက်လွှတ်တော် အမတ်ဟောင်း) H.E. Mr. Makoto Koga နှင့် အဖွဲ့ဝင် (၅) ဦးပါ အဖွဲ့သည် ၂၀၁၄ ခုနှစ်၊ ဇွန်လ(၃၀) ရက်နေ့ ညနေ ၄ နာရီ ၃၀ အ ချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ဂျပန်နိုင်ငံ Liberal Democratic Party မှ (အောက် လွှတ်တော် အမတ်ဟောင်း) H.E. Mr. Makoto Koga နှင့် အတူ အဖွဲ့ဝင်များ တက်ရောက်ကြ သည်။

ထိုသို့တွေ့ဆုံ ရာတွင် မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲရေး၊ ပူးပေါင်းဆောင် ရွက် ရေး၊ နှစ်နိုင် ငံ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဂျပန်နိုင်ငံ Liberal Democratic Party မှ (အောက် လွှတ်တော် အမတ်ဟောင်း) H.E. Mr. Makoto Koga အား အမှတ်တရ လက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment

back to top