ဆိပ်ကမ်း၌ ရက်လွန် ကားများကို စက်တင်ဘာ ၁ ရက်မှ စတင် သိမ်း ဆည်းမည်
ကားတင်သွင်းသူများ၏
သင်္ဘောချကားများကို ဆိပ်ကမ်း၌ ရက် ၆ဝ ထက် ကျော်လွန်ပါက အကောက်ခွန်
ဦးစီးဌာနမှ စက်တင်ဘာ ၁ ရက်တွင် စတင်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်မှ စတင်မည့်
ပြောင်းလဲလိုက်သည့် ပြစ်ဒဏ်များအရ လိုင်စင်၊ ပါမစ်ခွင့်ပြုချက် မရမီ
ကုန်ပစ္စည်းများ ရောက်ရှိခြင်း၊ ကုန်ပစ္စည်းများ ရောက်ရှိပြီးမှ လိုင်စင်၊
ပါမစ် ပြင်ဆင်ချက် ရရှိခြင်းတို့အတွက် တစ်ရက်မှ ခုနစ်ရက်အထိ ကင်းလွတ်ခွင့်
ရမည်ဖြစ်ပြီး ဆိပ်ကမ်းတွင် ရက် ၆ဝ ထက်ကျော်လွန်သော ကားများကို
သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၁ ခုနှစ် အောက်တိုဘာမှ ၂ဝ၁၃ ခုနှစ်
ဇူလိုင်လအထိ ကာလအတွင်း ပြည်ပမှ မော်တော်ယာဉ် အစီးရေ နှစ်သိန်းနီးပါး
တင်သွင်းခွင့် ပြုခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။ အကောက်ခွန်
ဦးစီးဌာနသည် မော်တော်ယာဉ် အစားထိုး စီမံချက်အပါအဝင် ပြည်ပမှ
ဝယ်ယူတင်သွင်း လာသော မော်တော်ယာဉ် များအပေါ် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့သည့်
၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်အထိ ကျသင့်ခွန်
ကောက်ခံ၍ မော်တော်ယာဉ် ၁၉၄၂၇၆ စီး ထုတ်ပေး ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment